Arc 4.3 ~Yu Min~
5K 449 8
Unicode
ဒီနေ့သတင်းစာရဲ့ထိပ်ဆုံးခေါင်းစဥ်မှာပါလာတဲ့ သတင်းက ချောင်လုံကိုတုန်လှုပ်သွားစေတာအမှန်ပင်ဖြစ်သည်။
'Top2နေရာကလုပ်ငန်းစုဖြစ်တဲ့ ချောင်Group Top5နေရာသို့ကျဆင်းသွားခြင်း' ဆိုတဲ့ခေါင်းစီးပဲဖြစ်သည်။
အခုဆို Top 1မှာ ကုGroup Top 2မှာ  လီGroup Top 3မှာ ရှောင်Group (ရှောင်ရှင်းရှင်းတို့Groupပါ) Top 4မှာ စီGroup Top 5မှာမှ ချောင်လုံရဲ့ ချောင်Group ရှောင်Groupနဲ့စီGroupကသူ့ကိုကျော်တက်သွားတာက ချောင်လုံရဲ့ဂုဏ်ကိုထိခိုက်စေသည်။
"အားးးးးးးးးးးးမဖြစ်နိုင်တာ တစ်ရက်တည်းနဲ့ဘာကြောင့်အခုလောက်ထိဖြစ်သွားရတာလဲ"
"စိတ်လျော့ပါကိုရယ် သဲတို့နည်းလမ်းရှာတွေ့မှာပါ"
"လျို့ယင် ဒါတွေကတကယ်တော့မင်းကြောင့်ဖြစ်ခဲ့တာဆိုတာမင်းနားလည်လား ငါမင်းကိုအကြိမ်ကြိမ်တားတယ် စောက်ရူးလိုလုပ်ရပ်တွေမလုပ်နဲ့လို့ မင်းစောက်နားထဲငါ့စကားတွေကမဝင်ခဲ့ပုံပဲ အခုပေးဆပ်ရတာကငါကွ"
"ဟင့် ကိုအဲ့လိုမပြောပါနဲ့သဲက သဲကကို့အတွက်လုပ်ခဲ့တာပါ"
"ဘာကိုငါ့အတွက်လဲ ကျစ်လော့ကိုသတ်တာကိုငါနားလည်တယ် ငါ့အတွက်လုပ်ပေးတာ ဒါပေမဲ့ ယွီမင်ကိုထိခိုက်စေတာက မင်းအတ္တနဲ့မင်းပဲ"
"ရှင်အဲ့လိုမပြောပါနဲ့ကို"
"ငါမသိဘူးလို့မင်းထင်နေရင်မှားသွားပြီ
ငါအကုန်သိတယ်"
"ကို သဲက"
"မင်းထွက်သွားတော့ ငါစိတ်မတိုချင်ဘူး"
လျို့ယင် ချောင်လုံအခန်းထဲကဒေါသတကြီးထွက်လာခဲ့သည်။ ဘာကြောင့်ယွီမင်ဆိုတဲ့ကောင်ကမသေနိုင်သေးတာလဲ။ ဒီလောက်သတ်နေတာလဲအသက်ကပြင်းလွန်းတယ်၂ခါစလုံးလွတ်သွားတယ်။ အခုဆို ထိဖို့ပိုခက်သွားပြီ ကုအိမ်တော်ကိုရောက်နေတော့သူ့အတွက်လုပ်ကြံဖို့ခဲယဥ်းလွန်းတယ်။ ကိုယ့်အတွေးနဲ့ကိုယ်လမ်းလျောက်လာရင်း ရှေ့ကလာနေတဲ့သူနဲ့တိုက်မိပြီးလဲကျသွားသည်။
"အ့."
တစ်ဖက်လူကအမြန်တောင်းပန်လာပြီး သူ့ကိုလက်ကမ်းပေးလာသည်။ မော့ကြည့်လိုက်တော့ ချစ်စရာကောင်းတဲ့ကောင်မလေးတစ်ယောက်ပါလား။ ကိုရဲ့ရုံးခန်းနားမှာဘာလာလုပ်နေတာလဲ သူလဲတစ်ခါမှမမြင်ဖူးဘူး။