Unicode
ယွီမင်သတိရလာတော့ မျက်နှာချပ်ဖြူဖြူကိုတွေ့လိုက်ရသည်။ ရောက်ရပြန်ပြီဒီဆေးရုံ ဆေးနံ့တွေကိုစိတ်ပျက်ပါတယ်ဆိုမှပဲ။ ဘေးကိုကြည့်လိုက်တော့ သူ့လက်ကိုကိုင်ပြီး အိပ်ပျော်နေတဲ့ချန်လင်။ ယွီမင်ပြုံးမိပါရဲ့ ဒီလူသားကိုပိုင်ဆိုင်ခွင့်ရပြီလေ တကယ်အလုပ်များတယ်ဒီကမ္ဘာမှာ မျက်လုံးကန်းလိုက်ရ သေနတ်မှန်လိုက်ရနဲ့ အထက်ကလူတွေရေ အရှည်ဆုံးလက်ချောင်းပါပဲလို့။
ချန်လင်ကိုကြည့်နေတုန်း အခန်းထဲစကားတပြောပြောနဲ့ဝင်လာတဲ့ ချန်ဝေနဲ့လုယွင်ကြောင့် အသံမထွက်ဖို့လက်ဟန်ပြရပြန်သည်။ သူ့လူကြီးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာ နိုးမသွားစေချင်ပါဘူး။ ဆေးရုံစောင့်ပေးနေတာ အိပ်ရေးပျက်ပြီးပင်ပန်းနေမှာပဲ။ သူကြည့်နေတုန်းချန်လင်ကနိုးလာသည်။
"ယွီငယ်လေး သတိရနေတာကိုယ့်ကိုနိုးရောပေါ့"
"ဟင့်အင်း ကောကောကနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတော့ မနိုးရက်လို့"
"အဟမ်း အဟမ်း လူရှိနေသေးတယ်နော်"
လုယွင်ကလုပ်ချောင်းဆိုးပြီး အသံပေးမှ ချန်ဝေနဲ့လုယွင်ကိုသတိရတော့သည်။ ဝယ်လာတဲ့မုန့်တွေတောင်ပန်းကန်ထဲထည့်ပြီးသွားပြီဖြစ်သည်။
"နောက်မှပြောကြ အရင်စားစရာရှိတာစားကြပါအုံး"
"ဟီးးးးဟုတ်ချန်ဝေကော"
စားသောက်ပြီးသွားတော့ ချန်ဝေနဲ့လုယွင်က ရုံးချိန်ရှိတာကြောင့် ပြန်သွားကြသည်။ ချန်လင်ကတော့ ကုမ္ပဏီကစာရင်းဇယားတွေစစ်ဆေးနေသည်။
*အားလျန် အဲ့နေ့ကဘာဆက်ဖြစ်သွားလဲ*
[Hostကိုသေနတ်မှန်သွားတော့ Hostရဲ့လူကြီးက ချောင်လုံရဲ့လက်နဲ့ခြေထောက်ကိုသေနတ်နဲ့ပစ်လိုက်တယ် ပြီးတော့Hostကိုဆေးရုံခေါ်လာတယ် ကျန်တဲ့ကိစ္စတွေကချန်ဝေနဲ့လုယွင်ရှင်းလိုက်တာ တစ်ပတ်နေရင် အမိန့်ချလိမ့်မယ် Hostသွားမှရမှာနော် ယွီမင်အပေါ်လုပ်ကြံမှုတွေဖော်ရအုံးမယ်]
*အင်း ငါသိပြီ*
တံခါးဖွင့်သံကြားလို့ကြည့်လိုက်တော့ မားနဲ့ပါးဝင်လာတာဖြစ်သည်။ မားရဲ့အနောက်မှာ ရှင်းအာနဲ့ကောင်လေးတစ်ယောက်ပါလာသည်။
YOU ARE READING
FanfictionUnicode+Zawgyi Start Date= 15,4,2022 End Date= 28.9.2023