Unicode
နေရောင်ခြည်က လိုက်ကာကိုထိုးဖောက်ပြီး အခန်းထဲကိုဖြာကြနေပေမဲ့ ကုတင်ပေါ်ကလူသားနှစ်ယောက်ကတော့သတိမမူမိဘဲ အိပ်စက်နေကြသည်။
"အင်းးးးးးး"
ပိုင်ရှဲ့နိုးလာတော့ မြင်လိုက်ရတဲ့မျက်နှာချောချောကြောင့် နေ့သစ်ကလှပတော့မယ်ထင်ပါရဲ့။ ကြည့်နေရင်းညကအကြောင်းတွေပြန်သတိရလာပြီး ရှက်မိလာတာကြောင့်ရင်ခွင်ထဲကရုန်းထွက်မိတော့ စစ်မင်ကနိုးလာသည်။
"နာနေလို့လား?"
"ဗျာ! မနာပါဘူး ကျွန်တော်ရေချိုးမလို့ အဲ့ဒါ..."
"အင်း သွားလေ ပြီးရင်မနက်စာပြင်ထားပေး"
"ဟုတ်ကဲ့"
မနာဘူးသာပြောလိုက်ရတာ တကယ်တမ်း ခါးအောက်ပိုင်းကအရမ်းနာနေတာဖြစ်သည်။ အားနွဲ့ပြရင်အထင်သေးမှာကြောင့်သာ ဟန်ဆောင်ပြရတာ လမ်းလျှောက်ဖို့တောင်အဆင်မပြေနေတာဖြစ်သည်။
ယိုင်နဲ့နဲ့လမ်းလျှောက်နေတဲ့ ကောင်လေးကြောင့် စိတ်ထဲအဆင်မပြေဖြစ်လာရတော့သည်။ သူညကကြမ်းမိတာ အရမ်းနာနေမှာသေချာသလောက်ပဲ ဒါတောင်ဟန်ဆောင်နေနိုင်သေးတယ်။ မနေနိုင်တဲ့အဆုံး ပြန်မအိပ်တော့ဘဲ ယိုင်နဲ့နဲ့ဖြစ်နေတဲ့ကောင်လေးကိုကောက်ပွေ့လိုက်သည်။ အံ့ဩသွားပုံရတဲ့ကောင်လေးက မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့မော့ကြည့်လာသည်။ အဟွန်းးးးးးနှုတ်ခမ်းလေးကအစစ်ဟသွားသေးတယ်။
"အဟမ်း!!! ငါဗိုက်ဆာနေပြီ မြန်မြန်ချိုး"
ရင်ခွင်ထဲကအကောင်ပေါက်ကို ရေချိုးခန်းထဲချပေးလိုက်ပြီး အခန်းထဲပြန်ဝင်လာလိုက်တော့သည်။
*နေပါဦး ငါအခုဒီကောင်လေးကိုစိတ်ပူနေတာလား မဖြစ်သင့်တာ*(တီတီတီ......)
"ဟယ်လို"
"စစ်မင် ငါ...ဟွိုက်ချန်"
"အင်း"
"ငါအခုမြို့ပြင်ဘက်ရောက်နေတာ"
"အင်း"
"ငါရှဲ့အာရဲ့ သူငယ်ချင်းမလေးကို မင်းပြိုင်ဘက်အုပ်စုနဲ့စကားပြောနေတာတွေ့တယ်"
YOU ARE READING
FanfictionUnicode+Zawgyi Start Date= 15,4,2022 End Date= 28.9.2023