part(1)

3.5K 80 12
                                    

*Mahar private school*ဆိုတဲ့ ခေါင်းစည်းဟာ ‌ကျယ်ဝန်းလှတဲ့ ကျောင်းဝန်းကြီးရဲ့ မုဂ်ဦးမှာ ကြီးမားခန့်ထည်စွာ နေရာယူထား‌ေလသည်။ မြန်မာနိုင်ငံရဲ့ Top(1)ကျောင်းကြီးပေမို့ လာရောက်တက်ကြသည့်ကျောင်းသားကျောင်းသူများဟာလဲ တကယ့်gradeတွေကြီးပင်။ ထိုကျောင်းဝန်းကြီးရဲ့တစ်နေရာတွင်တော့

"လင်းရောင်....လင်းရောင်"

"အိုပါးဖိုက်တင်း"

"ကျောနံပါတ်၂လင်းရောင်ကွ"

ဆိုတဲ့ အော်သံတွေဟာ အဆောက်အအုံကြီးရဲ့ အမိုးတောင် ပွင့်ထွက်မတတ်တုန်ခါစေပါသည်။ မိုးလုံလေလုံ ဆောက်ထာ‌းသော အဆောက်အအုံရဲ့အမိုးအောက် ချွေးတပြိုက်ပြိုက်နဲ့ကစားနေကြသည့် လူငယ်တွေမှာတော့ ဘေးကအားပေးသံတွေကြောင့် မောရမှန်းမသိအောင်ပင်ဖြစ်နေကြသည်။ ဘတ်စကတ်ဘောကစားနေကြသည့် လူငယ်တွေရဲ့အလယ်တွင် ထင်လင်းစွာ ထွက်ပေါ်နေသည်ကတော့ သူတို့အခေါ်'လင်းရောင်'။

မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးသော စိန်တိုက်ပိုင်ရှင် ဒေါ်သစ္စာနွယ်နီနှင့် မြန်မာနိုင်ငံရဲ့ Top tenစာရင်းဝင် ကုမ္ပဏီများပိုင်ရှင် ဦီးသီဟထွန်းမြတ်တို့၏ အငယ်ဆုံးသား၊ပရော်ဖက်ဆာဒေါက်တာသီဟလင်းမြတ်နဲ့ ဗိသုကာပညာရှင် သီဟလင်းထက်တို့၏ ညီထွေးလေး သီဟလင်းရောင်။ စံထားရလောက်တဲ့အရပ်အမောင်းနဲ့ ကျစ်လစ်သန်မာတဲ့ ကိုယ်ခန္စာကိုပိုင်ဆိုင်ထားသူ သီဟလင်းရောင်ဟာ မိန်းကလေးအများစုရဲ့အသဲစွဲဆိုလဲမမှားပါဘူး။ ငယ်ငယ်တည်းကပိုးမွေးသလိုမွေးဖွားလာရသူမို့ မြန်မာနိုင်ငံသားဆိုပေမဲ့ ဖြူဝင်းလွန်းတဲ့အသားအရေဟာ အားကျချင်စရာ။ လေးထောင့်ဆန်ဆန်မျက်နှာမှာ ထင်ပေါ်လွန်းတဲ့ နှာတံလေးဟာလဲ ဖြောင့်စင်းလွန်းစွာ။ ပြုံးလိုက်တိုင်းပေါ်လာတတ်တဲ့ ပါးချိုင့်လေးဟာ မြင်သူတိုင်း ပြစ်မှားချစ်စရာဖြစ်နေတာကတော့ မကောင်းဘူးမို့လား။ လူတစ်ယောက်ကအဲ့လောက်ပီးပြည့်စုံဖို့ လိုလို့လား။ ကောင်းတဲ့လူဆီကိုကောင်းခြင်းတွေပဲ ရောက်လာတာဟာ ရှေးဘဝကုသိုလ်များလား။ ရုပ်ရည်၊ပညာရေး၊စီးပွားရေး၊မိသားစုနောက်ခံ ဘာဆိုဘာမှာပြောစရာမလိုတဲ့ ထိုလူသားဟာ တစ်အိမ်လုံးရဲ့ အချစ်ကိုသာမက တစ်ကျောင်းလုံးတစ်နိုင်ငံလုံးရဲ့အချစ်ကိုလဲ ပိုင်ဆိုင်ထားသူပေါ့။ချမ်းသာပီး ပီးပြည့်စုံလွန်းတဲ့ ထိုလူသားဟာ မာနမရှိတာကလဲ ကောင်းခြင်းတွေထဲကတစ်ခုပါပဲ။ရုပ်ရည်ရူပကာချောမောလွန်းတာမို့ လာရောက်ဖွင့်ပြောသူတွေများပေမဲ့ အပြုံးလေးနဲ့သာ ငြင်းဆန်လေ့ရှိတဲ့ ထိုလူသားဟာ နတ်သားလေးတစ်ပါးအလား။ စိတ်ထားလေးနူးညံ့သလောက်အပြူအမူတွေကအစ နူးညံ့နေတာဟာ မထိရက်မကိုင်ရက်စရာပါပဲ။

Through The MidNightWhere stories live. Discover now