Part(18)

529 13 0
                                    

"လင်းရောင်ကတော့ ဆေးမမှီတော့ဘူး။"

ဂေဟာခြံဝန်းသန့်ရှင်းရေးလုပ်နေရင်း အမောထိုင်ဖြေနေတဲ့ နေကင်းနားသွားပီး ရေကမ်းလိုက်သစ်သျှူးကမ်းလိုက်လုပ်နေတဲ့ လင်းရောင်ကို စည်းစိမ်သာမက နေခြည်နဲ့နှင်းပွင့်ကပါ အမြင်ကပ်နေပီဖြစ်သည်။ဒီမြင်ကွင်းကို လင်းရောင်မိဘတွေသာ မြင်လို့ကတော့ ရင်ထုမနာဖြစ်နေတော့မှာ မြေကြီးလက်ခတ်မလွဲ။

"ခဏလောက်နားပါဦးလား မောင်ရာ။မင်းအစားငါမောလိုက်တာ။"

ဟုတ်တယ်လေ သစ်ရွက်ခြောက်တွေကို တောင်းကြီးထဲ ကြုံးထည့်ပေးရတာနဲ့တင် ပင်ပန်းနေလောက်မှာကို ခုတော့ သူ့နားလာပီးရေတိုက်လိုက်၊ချွေးသုပ်ပေးလိုက်နဲ့ မောရကောင်းမှန်းလဲမသိတော့။

"နေ့မျက်နှာလေးမြင်လိုက်တာနဲ့ကို အမောတွေပြေနေတာ သိရဲ့လား။"

"အပိုတွေလာပြောမနေနဲ့ လင်း။ငါကအနုအယွတွေမကြိုက်ဘူး။"

အမှန်တကယ်ပျက်ယွင်းသွားတဲ့ နေ့မျက်နှာကိုကြည့်ပီး သူလဲ နှုတ်ဆိတ်ရင်း ခပ်တိုးတိုးညည်းတွားမိသည်။မောင်အမှား လုပ်မိပြန်ပီ။

>>>>>>>>>>>>>>>

"တစ်ပတ်ကလဲ ဘယ်လောက်မှတောင် မကြာသလိုပဲ။အချိန်တွေကုန်တာမြန်လိုက်တာ။"

နောက်ဆုံးတော့ သူတို့လဲ ရက်ပြည့်လို့ပြန်ရမဲ့အချိန်တောင်ရောက်ပီဖြစ်သည်။

အကုန်လုံးကားပေါ်တက်ကာ နှုတ်ဆက်ကြတော့ ကလေးတွေဟာ အပြုံးလေးတွေနဲ့သာ နှုတ်ဆက်ကြသည်။တကယ့်တကယ်မျက်ရည်မခိုင်ကြသည်က သူတို့သာ။လိမ္မာပီး ချစ်စရာကောင်းလွန်းတဲ့ ဒီကလေးလေးတွေကို သူတို့လဲ သံယောဇဉ်အတော်တွယ်မိနေပီလေ။ကြုံနေကျမို့လားတော့မသိပါ။ထိုကလေးလေးတွေဟာ ဧည့်သည်ကို ဧည့်သည်မှန်းသိတတ်ကြသေးသည်။

အပြန်တွင်တော့ အသွားတုန်းကလို ဆူညံပီးမနေနိုင်တော့ပါ။အကုန်လုံးဟာ အတွေးကိုယ်စီနဲ့ဖြစ်သလို ပင်ပန်းနေကြပုံလဲပေါ်ပါသည်။ထို့ကြောင့် အပြန်ခရီးကတော့ တိတ်တဆိတ်သာ။

>>>>>>>>>>

ကျောင်းကိုပြန်ရောက်တော့ ညနေစောင်းနေပီ။အထုပ်တွေသယ်ကာ ကိုယ်စီအိမ်ပြန်ကြပေမဲ့ လင်းကတော့ မပြန်နိုင်သေး။ရောက်တည်းက ဖုန်းပြောနေသူကို ကြည့်ကာ အထုပ်တွေနဲ့ ရပ်စောင့်နေရသည်လေ။

Through The MidNightWo Geschichten leben. Entdecke jetzt