ပြတင်းပေါက်မှတစ်ဆင့် ဖြတ်ဝင်လာတဲ့ နေရောင်ခြည်အလင်းတန်းလေးကြောင့် မျက်စိကို ခပ်ဖြေးဖြေးဖွင့်ကာ နာရီကိုလှမ်းကြည့်မိလိုက်သည်။ပိတ်ရက်ဖြစ်တာကြောင့် အစောကြီးထစရာမလိုသော်လဲ ခရီးအတွက်ပစ္စည်းထည့်ဖို့ရှိသေးတယ်မို့လား။နာရီလက်တံတိုလေးက၇နာရီကိုပြနေသည်မို့
ဆက်မအိပ်တော့ဘဲ ရင်ခွင်ထဲက ခေါင်းလုံးလုံးလေးကိုငုံ့ကြည့်မိလိုက်သည်။နေက သူ့ထက်မပုသော်လဲ သူမအိပ်ခင်တည်းက နေ့ကို လက်မောင်းပေါ်ပြောင်းကာသိပ်လိုက်သည်မို့ အခြေအနေက ငုံ့ကြည့်နေရတဲ့အခြေအနေဖြစ်သွားသည်။စအိပ်ထဲက ရင်ခွင်ထဲထည့်ထားတဲ့အတိုင်း ကွေးကွေးလေးအိပ်နေသည်က ခုမိုးလင်းတဲ့ထိ ထိုတိုင်းပင်။အိပ်တဲ့နေရာမှာပါ စည်းရှိလွန်းတဲ့နေ့ကြောင့် သူ့မှာ အသည်းတယားယား။နေကတကယ့်ကို အကြည်ဓာတ်ကလေး။ဆံနွယ်ဖြူဖြူတွေဖုံးအုပ်နေတဲ့ နဖူးပြင်လေးအား ငုံ့နမ်းလိုက်ကာ အိပ်ယာထဖို့ပြင်လိုက်သည်။ခေါင်းလုံးလုံးလေးအောက်က လက်ကိုအသာဆွဲထုတ်တော့လဲ နေကထိုအတိုင်းအိပ်မြဲ။လက်မောင်းအစား သူ့ခုတင်ပေါ်က ခေါင်းအုံးပျော့ပျော့လေးကို လှမ်းယူလိုက်ကာ ခုပေးလိုက်သည်။
တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်ပီး ခရီးဆောင်အိတ်ထဲ ပစ္စည်းထည့်ဖို့ပြင်နေတုန်း တစ်ဖက်ကုတင်ပေါ်က နေ့ကို သွားပီးသတိရမိသည်။ထို့ကြောင့် ခုတင်ဘေးမှာထောင်ထားတဲ့ luggage ကိုသွားယူပီးဖွင့်ကြည့်မိမှ မျက်ခုံးတွေမြင့်တက်သွားရသည်အထိ။ပစ္စည်းအပြည့်ထည့်ထားတဲ့အိတ်လေးက သူ့အားပြောင်ပြနေသလို။သူကတော့ နေပင်ပန်းမှာစိုးလို့ နေ့အစား ပစ္စည်းတွေကူထည့်ပေးဖို့ လုပ်နေတာလေ။ခုတော့ နေကပစ္စည်းတွေအကုန်ထည့်ပီးပီတဲ့လား။
နေက တကယ့်ကို ဘာလေးမှန်းမသိတဲ့ အကောင်ပေါက်လေး။ထို့ကြောင့်သူလဲ နေ့အိတ်ကိုပြန်ပိတ်ကာ နေရာတကျပြန်ထားပေးလိုက်သည်။
နေ့ပစ္စည်းတွေက အကုန်ထည့်ပီးပီဆိုတော့ သူပဲကျန်တော့သည်လေ။နေမနိုးခင် ပစ္စည်းတွေကိုအမြန်ထည့်ကာ နေနိုးတာနဲ့ မနက်စာအတူထွက်စားဖို့ လုပ်ရဦးမည်။
YOU ARE READING
Through The MidNight
RomanceUke strongဖြစ်တာကိုကြိုက်တဲ့သူတွေအတွက် ဖန်တီးထားတဲ့ ficလေးပါ။ကိုယ်တိုင်ကလဲ ယောကျာ်းလေးဖြစ်ဖြစ်၊မိန်းကလေးဖြစ်ဖြစ်strongဖြစ်နေမှကြိုက်တာပါ။အဲ့တာကြောင့်လဲ ဒါလေးကိုဖန်တီးဖြစ်တာပေါ့။ကိုယ်က စာရေးအားနည်းပါတယ်။ဒါကြောင့် တစ်ခုနဲ့တစ်ခုကအချိတ်အဆက်မမိတာတွေလဲရှိ...