Part(21)

502 18 0
                                    

"အချိန်ဆွဲလို့ကောင်းတဲ့အရာမဟုတ်ဘူး သားနေ။"

ခေါ်သံလေးမှာ အားကိုးမှုကအပြည့်။ ဒါပေါ့ ကိုယ်မှမဟုတ်ရင် ဘယ်သူက သူ့လိုအင်တွေကို ဖြည့်ပေးနိုင်မှာလဲ။

သူ့ဘက်က ဘာဖြေသံမှမကြားတဲ့အခါ တစ်ဖက်က ဆက်သွယ်မှုကို ဖြတ်တောက်သွားတယ်။ ထိုအခါ သူလဲ ရုံးခန်းမှန်ပြတင်းမှတစ်ဆင့် ကောင်းကင်ကြီးကို မော့ကြည့်လိုက်တယ်။

ဖျက်ဆီးပြစ်ချင်စရာကောင်းအောင်ကို ကောင်းကင်ကြီးက သာယာနေတာပဲ။ မျက်လုံးတွေကသာ ကောင်းကင်ကိုမော့ကြည့်နေပေမဲ့ ခေါင်းထဲမှာတော့ အတွေးတွေက အပြည့်။ ဘာကိုဘယ်လိုလုပ်ရမယ်ဆိုတာ တွေးပီးသကာလ မင်းထက်ကို လှမ်းခေါ်လိုက်သည်။

"မင်းစေရဲ့ တည်နေရာကိုစုံစမ်းပေး။"



မီးရောင်စုံတောက်ပနေတဲ့ ကလပ်အတွင်းသို့
သန့်ပြန့်ချောမောလှတဲ့ ကောင်ငယ်လေးတစ်ယောက်ဝင်ရောက်လာသည်။ ထိုကောင်လေးလာရာလမ်းတ်လျှောက်ရှိလူများ၏ အာရုံသည် တည်နေရာတစ်ခုတည်းတွင်သာ အဆုံးသတ်လေသည်။ ချောတယ်၊ ချောတာထက်ကို လှပတဲ့ပန်းချီကားလေးတစ်ချပ်လိုပင်။ ထိုကောင်လေးကိုမြင်သူတိုင်းက အားကျ၊ နှစ်သက်တဲ့ပုံတွေနဲ့သာ ကြည့်နေကြပေမဲ့ တစ်စုံတစ်ယောက်သည်ကဝောာ့ ထိုသို့မဟုတ်ခဲ့။ ထိုကောင်လေးရဲ့ မခန့်ပြုံးလေးကြောင့် ရင်ဘက်ထဲ ထိတ်ခနဲဖြစ်သွားမှုနဲ့အတူ မျက်လုံးတွေကလဲ ဆောက်တည်ရာမရစွာ တောင်မြောက်ရွေ့လျားနေတော့သည်။

"မင်းက ဒီကို ဘယ်လိုသိပီး~~~"

တုန်တုန်ယင်ယင်နဲ့ ပြောလာသူကိုကြည့်ကာ လှောင်ပြုံးလေးပြုံးလိုက်မိတယ်။ လူတွေက သူတို့အလှည့်ကြ ကြောက်တတ်နေလိုက်ကြတာ။

"ဒီချိန်ဆို မိဘပေးစားတဲ့ သတို့သမီးလောင်းလေးနဲ့ ပျော်ပါးနေမယ်ထင်တာ။ ထင်တာ လွဲမှားနေတာပဲ။"

စကားပြောရင်း အကြည့်တွေက မင်းစေရာရဲ့ခါးပေါ်ရှိ လက်တစ်‌ဖက်အပေါ် ရောက်သွားတော့ ပြာပြာသလဲနဲ့ ထိုလက်အား ဖယ်ချလိုက်သည်။

"မင်းဘာတွေတွေးနေမလဲမသိပေမဲ့ အထင်မှားမနေနဲ့ အသုံးမဝင်ဘူးနေကင်းရာ။ dadက ငါဘာလုပ်လုပ် နားလည်ခွင့်လွှတ်ပေးပီးသား။"

Through The MidNightOù les histoires vivent. Découvrez maintenant