Part(17)

528 16 0
                                    

နေရမဲ့အခန်းရောက်တာနဲ့ သီးသန့်typeနေကင်းက နံရံဘက်က နေရာကို ရောက်သွားသလို လင်းရောင်ကလဲ နေကင်းရဲ့နံဘေးနေရာယူလိုက်သည်။ထို့နောက် စည်းစိမ်၊လေးညို့နဲ့ တခြားသူတွေက အစီအရီနေရာယူကြတော့သည်။

နေကနေသိပ်မကောင်းတာမို့ အခန်းထဲမှာ အိပ်နေခဲ့ရပီး သူတို့ကတော့ ကလေးတွေအားသွားရောက်မိတ်ဆက်ကြလေသည်။
ထို့နောက် အဆောင်မှူးနဲ့ခေါင်းဆောင်စီနီယာက သူတို့သင်ပေးရမဲ့အချိန်စာရင်းတွေကို တစ်ယောက်တစ်ရွက်ဝေပေးလာသည်မို့ သူကနေ့အတွက်ပါ ယူထားလိုက်သည်။

"ဒါနဲ့လင်း နေကင်းက အဆင်ပြေရဲ့လား။အရမ်းနေမကောင်းရင် ကိုယ်တို့ဆေးအဖွဲ့ပါတာမို့ ကြည့်ခိုင်းလိုက်ရမလား။"

"ရပါတယ်ကိုခန့်။ကျတော်မေးပီးပီ ဒီတိုင်းကားမူးရုံပဲတဲ့ ဆေးသောက်ပီးနားရင် သက်သာတယ်ပြောတယ်။"

"အဲ့တာဆို တော်သေးတာပေါ့။အဆင်မပြောတာရှိရင် အစ်ကိုတို့ကို ချက်ချင်းပြောနော် အားမနာနဲ့။"

"ဟုတ်ကဲ့။"

"ကဲကဲ ဟုတ်ပီ။ဒါဆို အားလုံးနေ့လည်စာစားဖို့ပြင်လိုက်ကြတာပေါ့။"

ဂေဟာက ပရဟိတလူငယ်တွေလာရင် အဆင်ပြေအောင် ခြံဝန်းအနောက်ဘက်ခြမ်းမှာ အဆောင်သီးသန့်ဆောက်ပေးထားတာမို့ ချက်ပြုတ်စားသောက်တာကအစ ကိုယ့်လက်ကိုယ်ခြေသာ လုပ်ကြရမည်ဖြစ်သည်။
ဂေဟာမှူးက စီစဉ်ပေးမယ်ပြောပေမဲ့ သူတို့က လက်မခံခဲ့။အကူအညီပေးဖို့လာပါတယ်ဆို ကိုယ်တွေကြောင့် အလုပ်ပိုမရှုပ်‌ေစချင်။ပီးတော့ သူတို့ကျောင်းသားတွေက နည်းတာမှမဟုတ်တာ ။ဒီလူအုပ်ကြီးအတွက်သာ ချက်ပြုတ်ပေးရမယ်ဆို လွယ်မှာ မဟုတ်ပေ။
ထို့ကြောင့် ပါလာတဲ့လူတွေထဲက ချက်တတ်ပြုတ်တတ်သူတွေကို ရွေးထုတ်ကာ စားစရာစီစဉ်ရတော့သည်။ဂေဟာမှူးက သူတို့သုံးရအောင် အိုးကြီးကြီးတွေလာပို့တာမို့ လူ့ဘော်ကျော့ ကိုယ်တော်ချောတွေပါ ဝင်ပါရတော့သည်။ပါလာတဲ့သူတွေထဲမှာလဲ အိမ်မှာကိုယ်တိုင်ချက်ပြုတ်စားဖို့နေနေသာသာ စားပီးသားပန်းကန်တောင် ဆေးရတဲ့သူတစ်ယောက်တောင်မပါပေ။သို့ပေမဲ့လဲ ပရဟိတလာလုပ်ကြတာမို့ ရေသာခိုနေလို့လဲမရပေ။မလုပ်တတ်လုပ်တတ်နဲ့ လုပ်တတ်တဲ့သူတွေအား ဘေးကကူညီနေကြသည်မို့ ပျော်စရာတော့ ကောင်းပါသည်။

Through The MidNightWhere stories live. Discover now