Part(27)

592 19 0
                                    


"ငါတို့ စကားပြောဖို့ လိုနေပီထင်တယ်။"

ဆိုတဲ့ နေကင်းရာရဲ့ အပြောကို သူမငြင်းခဲ့ပါ။ ပြောစရာတွေက တကယ်ကို များနေပီ နေကင်း။

သူတို့နှစ်ယောက် စကားပြောဖို့ ချိန်းကြတာက ဝေးဝေးတော့ မဟုတ်ပါဘူး။ ကျောင်းဖွင့်ရက်မို့ ကျောင်းဝန်းထဲမှာရှိတဲ့ သပြေလမ်းကိုသာ ရွေးခဲ့ကြသည်။ သပြေလမ်းဆိုတဲ့အတိုင်း လူသွားလမ်းတစ်လျှောက် ဘေးတစ်ဖက်တစ်ချက်စီမှာ သပြေပင်တွေဟာ စီတန်းလျက်။ တစ်ချို့နေရာတွေမှာဆို ခုံတန်းလေးတွေပါ ချပေးထားသေးသည်။
ဆယ့်ငါးမိနစ်စောရောက်နေတဲ့ လေးညှို့ကလဲ ထိုခုံတန်းလေး‌တွင် ထိုင်ကာ နေကင်းအား စောင့်နေလိုက်သည်။

မကြာ ချိန်းထားတဲ့ အချိန်အတိအကျမှာပဲ နေကင်းက သူ့ဆီ ရောက်လာလေသည်။
အနားရောက်တာနဲ့ ခုံပေါ်မထိုင်ဘဲ ခုံလက်တန်းပေါ်ကို ဘေးတစ်စောင်းတင်ထိုင်ကာ ဆေးလိပ်ကိုမီးညှိလိုက်တဲ့ နေကင်း။

"ပြောစရာရှိတာက ဘာလဲ နေကင်း။"

"မင်းကို ကြည့်ရတာ အချိန်တွေ အရမ်းပေါနေသလိုပဲနော် လေးညှို့။ ငါသိရသလောက် ဆေးကျောင်းသားတွေမှာ ယားလို့ ကုတ်ချိန်တောင်မရှိပါဘူး။ မောင်ပြောတာတော့ ဒီနေ့ လက်တွေ့ခန်းထဲဝင်ရမှာမို့ တစ်နေ့လုံးမအားဘူးတဲ့။"

"သိရဲ့နဲ့ မင်းကကော ဘာလို့ ဒီနေ့ကိုမှ ရွေးချိန်းရတာလဲ။"

"မောင်မအားတဲ့နေ့ကလဲ ဒီနေ့ပဲလေ။ မောင်အားတဲ့အချိန်ဆို ငါက မောင့်ဘေးနားကလွဲ ဘယ်မှသွားချင်တာမဟုတ်ဘူး။"

*စောက်ကျင့်မကောင်းတဲ့ နေကင်းရာ။*
စိတ်ထဲကနေအော်ဆဲပီး မျက်လုံးတွေကလဲ မကြည်သလို စိုက်ကြည့်ပေးလိုက်ပေမဲ့ နေကင်းရာကမမြင်။ သူက ရှေ့တည့်တည့်ကိုသာ ကြည့်ပီး ဆေးလိပ်အသောက်မပျက်။

"မင်းကကော ဘာလို့ မငြင်းတာလဲ။ မအားဘဲနဲ့။"

"‌လင်းရောင်အကြောင်းဖြစ်နေလို့။"

"စောက်ရှက်မရှိ!"

"နေကင်းရာ!"

ဘယ်လောက်အော်အော် နေကင်းတို့က ဖင်ကြားကိုမညှပ်။

Through The MidNightWhere stories live. Discover now