"လင်းရောင် ဟိုမှာ နင့်ရဲ့ နေကင်းရာ။"
Oceanလာပီးမုန့်စားနေကြတုန်း နှင်းပွင့်လက်ညိုးထိုးပြတဲ့ နေရာကို ကြည့်မိတော့ သူ့မှာပါးစပ်အဟောင်းသား။
"ဝါးး နေကင်းက အဲ့လိုကျတော့လဲ လုံးဝdaddy typeကြီးလိုပဲ။နဂိုတည်းက တည်တံ့လွန်းတဲ့မျက်နှာထားနဲ့ ခုလိုsuitနဲ့ဆိုတော့ ဝါး လိုက်ဖက်နေမှုကြီး။"
ဆံပင်ဖြူဖြူတွေကို စည်းနေကျအတိုင်း ထက်ဝက်ခန့်စည်းထားကာ ခန္ဓာပေါ်မှာfitကျစွာဝတ်ဆင်ထားတဲ့ ကုတ်အမဲရောင်က နေကင်းရာရဲ့ တည်ငြိမ်ရင့်ကျက်တဲ့ပုံစံကို လှစ်ဟပြနေသလို။ပိန်ပိန်ပါးပါးကိုယ်နဲ့လုံးဝfitကျနေတာမို့ desinger madeမှန်းသိသာလှသည်။ အာရုံစိုက်ပီးစကားပြောနေပုံကလဲ ငေးကြည့်ချင်စရာ။အာ...မောင့်ကောင်လေးက အားကိုးချင်စရာကြီးပါကွာ။
"သူပုံကြည့်ရတာ အလုပ်ကိစ္စနဲ့လာပုံပဲ။ကျစ်....နေကင်းရာက လျှို့ဝှက်ချက်တွေများလိုက်တာ။"
အဟုတ်ပါပဲ။နေကင်းဟာ လုံးဝလျှို့ဝှက်လွန်းတယ်။သူတို့uniကိုအမှတ်အမြင့်ဆုံးနဲ့ဝင်လာတာဆိုပေမဲ့ နေကင်းကို သာမာန်လူတန်းစားထဲကလို့ပဲ သူတို့အားလုံးက ထင်နေကြတာမို့လား။ကော်ဖီဘားတစ်ခုက သာမန်ဝန်ထမ်းလေးတစ်ယောက်၊ကျောင်းကိုလာရင် ကားအကောင်းစားတစ်နေ့တစ်စီးနဲ့ စပွန်ဆာယူထားတဲ့ကောင်လေး။အဲ့လိုကောင်လေးကို ခုလိုပုံစံနဲ့မြင်လိုက်ရတော့ သူတို့အထင်တွေကပဲ မှားနေသလိုလို။ဘယ်ဟာက နေကင်းရာရဲ့ ပုံစံအစစ်လဲဆိုတာသူတို့လဲ မသိတော့ပါ။
"လင်း နင်က နေကင်းနဲ့တစ်ခန်းတည်းနေရတာဆိုတော့ နေကင်းအကြောင်းနည်းနည်းပါးပါးလေးတောင်မသိဘူလား။"
"ငါကဘာသိရမှာလဲ။ကျောင်းကအပြန် အလုပ်သွားတယ်။အလုပ်ကပြန်လာရင် စာလုပ်တယ်။ပီးရင်အိပ်တယ်။ဒါပဲလေ။"
"သူက ကော်ဖီဘားကနေ ထွက်သွားပီဆိုတော့ ဘယ်အလုပ်မှာလုပ်နေတာလဲ။"
"သူ့ကိုစပွန်ဆာပေးထားတဲ့ဘဲကြီးရဲ့အလုပ်မှာပဲနေမှာပေါ့။"
ဒုတိယအကြိမ်မြောက် ထိုသုံးယောက်ဆီက မျက်စောင်းနဲ့ ဒေါသမျက်လုံးနဲ့အကြည့်ခံရတာမို့ စည်းစိမ်လဲ ဆက်မပြောတော့ဘဲ စားလက်စမုန့်ကိုသာ တိတ်တိတ်လေးထိုင်စားနေလိုက်ေတာ့သည်။နေကင်းနဲ့ပတ်သတ်ရင် ထိုသုံးယောက်ဟာ ဆက်ဆက်ထိမခံဆိုတာကို သူခဏမေ့သွားမိတယ်။
YOU ARE READING
Through The MidNight
RomanceUke strongဖြစ်တာကိုကြိုက်တဲ့သူတွေအတွက် ဖန်တီးထားတဲ့ ficလေးပါ။ကိုယ်တိုင်ကလဲ ယောကျာ်းလေးဖြစ်ဖြစ်၊မိန်းကလေးဖြစ်ဖြစ်strongဖြစ်နေမှကြိုက်တာပါ။အဲ့တာကြောင့်လဲ ဒါလေးကိုဖန်တီးဖြစ်တာပေါ့။ကိုယ်က စာရေးအားနည်းပါတယ်။ဒါကြောင့် တစ်ခုနဲ့တစ်ခုကအချိတ်အဆက်မမိတာတွေလဲရှိ...