part(25)

519 21 0
                                    

ဒီနေ့တော့ သူရောမောင်ပါဘယ်မှမသွားဖြစ်ကြ။ သို့သော်လဲ အဆောင်မှာပဲနေပီး ချစ်ကြည်နူးနေတာလားဆိုတော့လဲ မဟုတ်ပြန်။ သူကလဲ သူ့အလုပ်သူလုပ်နေရသလို မောင်ကလဲ စာတွေနဲ့သာ နပမ်းလုံးနေရသည်လေ။

ဆေးကျောင်းသားတွေက သူတို့ထက်စာပိုလုပ်ရတယ်ဆိုတာ မောင့်ကိုမြင်မှပဲ သူ့မှာ ယုံရတော့သည်။ ပိတ်ရက်ရှည်တွေမှာလဲ စာနဲ့မျက်နှာက မပျက်ရ။ ဒါတောင် ဒီကြားထဲ သူတို့ပြဿနာတွေက တက်လိုက်သေး။ ကျောင်းစာက တစ်ဖက်၊ သဘောမတူတဲ့မိဘတွေက တစ်ဖက်နဲ့ မောင်ဘယ်လောက်တောင် ပင်ပန်းနေလိုက်မလဲ။ တကယ်ဆိုသူလဲ အလုပ်ကိစ္စတွေအားလုံး ဖြတ်ပီးတာနဲ့ မောင့်မိဘတွေနဲ့တွေ့ပီး မောင်နဲ့သဘောတူပေးဖို့ ခွင့်တောင်းမလို့ပါဘဲ။ သို့သော် အလုပ်တွေက တစ်ခုမပီးသေးဘူး တစ်ခုကပေါ်လာသေးသည်။ ထို့ပြင် မလိုသူတွေရဲ့ ဝင်နှောင့်မှုကြောင့် မောင့်မိဘတွေက စောသိပီး ပြဿနာတွေက ထင်တာထက် ဆိုးရွားလာသည်။ သူ့အနေနဲ့ဆိုရင်တော့ ခေါင်းထဲတောင် ထည့်ဖို့အရေးမကြီးဘူးဆိုပေမဲ့ မောင်ကတော့မတူ။ သူ့လို အကျောမမာသလို၊ သူ့လိုလဲ ဂျစ်မတိုက်တတ်။ ထို့ကြောင့်
ပြဿနာတွေရဲ့အဆုံးမှာ ခေါင်းကိုက်ရသူက မောင်ပါပဲ။

သို့သော် အချိန်အကြာကြီးတော့ မောင့်ကို စိတ်ရှုပ်ခွင့်မပေးနိုင်ပါ။ လုပ်နေတဲ့ အလုပ်က အရေးကြီတယ်ဆိုပေမဲ့လဲ မောင့်လောက်တော့ ဘယ်အရာက အရေးကြီးနိုင်ပါ့မလဲ။

"မောင်...ငါအပြင်သွားမလို့။"

ဖုန်းနဲ့ပိုက်ဆံအိတ်ကောက်ကိုင်ကာ လှမ်းပြောတော့ စာအုပ်ထဲ ခေါင်းစိုက်နေသူက လှမ်းကြည့်လာသည်။

"ဘယ်သွားမှာလဲ။ မောင်လိုက်ပို့ရမလား။"

"ဟင့်အင်း ရတယ်။ ငါ့ဘာသာကားမောင်းသွားလိုက်မယ်။ ပြဿနာတစ်ခုရှင်းစရာရှိလို့။ မောင်က စာထဲပဲ အာရုံစိုက်ပါ။ ငါပြန်လာခါနီးရင် ဖုန်းဆက်လိုက်မယ်။"

"အင်း။ ဒါဆို ဂရုစိုက်သွားဦး။"

ငြှိုးနွမ်းနေတဲ့ မောင့်မျက်နှာလေးအား ကြည့်ကာသူ့မှာ အားမလိုအားမရ။ ခဏပါပဲမောင် ခဏလေးပဲ သည်းခံပေးပါ။ အရာအားလုံးပီးဆုံးသွားတဲ့နေ့ မောင်ပျော်အောင် ငါဖန်ဆင်းပေးပါ့မယ်။

Through The MidNightWhere stories live. Discover now