အခန်း(၁)

2K 130 15
                                    

ကျွန်မလေ ..
ယောင်းကိုသိပ်ချစ်တာပဲ

🥀

"ရောက်ဖို့လိုသေးလား ဦးလေး "

"နောက်၁၅မိနစ်လောက်မောင်းပြီးရင် ရောက်ပါပြီ ဆရာမလေး "

မတ်နေသည့် ကိုယ်အနေအထားမှ လီဆာနောက်ကို ရော့တိရော့ရဲမှီချလိုက်တယ် ။နောက်၁၅မိနစ် ။နောက်၁၅မိနစ် ။ဘယ်တော့ရောက်မှာလဲမေးတာ ဒါနဲ့ဆို သုံးကြိမ်တိတိ ပြန်ရတဲ့ ထပ်တူအဖြေစကား ။လက်ထဲကဖုန်းကို အိတ်ထဲပြန်ထည့်ကာ မှေးနေလိုက်တော့တယ် ။ကားပေါ်မှာပျင်းတိုင်း ဖုန်းသုံးနေမိတာက မျက်လုံးညောင်းတယ် ။

မိဘတွေဆုံးသွားပြီးထဲက အချိန်ပိုင်းအလုပ်တွေနှင့် ကျောင်းတက်ခဲ့တာ ။တစ်ကောင်ကြွတ် တစ်မျက်နှာ ဆယ်ကျော်သက်တစ်ယောက်ရဲ့ ဘဝနေထိုင်မှုက သိပ်တော့ မလွယ်ကူလှ ။သူနာပြုတစ်ယောက်ဖြစ်လာသည့် အချိန်မှသာ ချောင်ချောင်လည်လည်နှင့် တိုက်ခန်းမှ ကိုယ်ပိုင်ဝန်းခြံနှင့်အိမ်ရခဲ့တာ ။

တစ်ခါတစ်လေ တစ်ယောက်ထဲအထီးကျန်ရတဲ့အချိန်တွေရှိပေမဲ့ သူမကိုယ်တိုင်က ဒီဖြစ်တည်မှုမှာ နေသားကျ ။သဘောကျမိရဲ့ ။

"ရောက်ပါပြီး ဆရာမလေး "

မျက်လုံးတွေမှိက်ထားရာမှ လာကြိုသည့်ဒရိုင်ဘာဦးလေးကြီးရဲ့အသံကြောင့် လီဆာကျောတွေကိုပြန်မတ်တယ် ။နောက်ခန်းကနေ ကားရှေ့မှန်၌ အနည်းငယ်အလှမ်းဝေးသည့် နှစ်ထပ်အိမ်ဖြူဖြူကြီးကို မြင်ရတယ် ။

ကျွီ!

ဒီငွေရောင်သံတံခါးရဲ့ နောက်မှာမလွှတ်မြှောက်နိူင်ခြင်းတွေ ၊လွှမ်းမိုးမှုတွေရှိနေတာကို လီဆာကြိုသိနေခဲ့ရင်တောင် ကားပေါ်ကနေဆင်းနေခဲ့မည်မဟုတ် ။

"ဝိုး! .."

ခြံထဲရောက်ထဲကမြင်ရသည်က နှင်းဆီပင်တွေပင် ။ဘေးကားမှန်ကိုချလိုက်တော့ ထိုနှင်းဆီပင်တွေဆီမှ ချိုအီလတ်ဆတ်တဲ့အနံ့က နှာဖျားထဲတိုးဝင်လာကြတယ် ။တပြေးညီထဲမဟုတ်သော်လည်း အပင်အရွယ်အစားကသိပ်ပြီး မကွာလှပေ ။စိုက်ထဲက အရွယ်တူအပင်တွေသာ ရွေးစိုက်ထားတာထင်ပါ
တယ် ။အကုန်လုံး အနီရောင်တွေချည် ။လီဆာမြင်ဖူးခဲ့တဲ့ နှင်းဆီနီတွေထက်ကို ဤပန်းတွေကပိုပြီး နီတယ် ။

May all roses be herWhere stories live. Discover now