"အီး...အဟင့် အင့် "
လူသွားလမ်းပေါ်မှာ ခြေဆင်းထိုင်ချပြီးငိုချပစ်နေတဲ့ ကလေးပေါက်စသေးသေးလေးနား သူမအမြန်သွားမိသည် ။
"ဘာဖြစ်တာလဲ ဘေဘီလေး "
မော့ကြည့်လာတဲ့မျက်ဝန်းဝိုင်းဝိုင်းတွေနှင့် ထိုမျက်ဝန်းတို့မှာအရည်တွေလဲ့လို့ ။အလိုမကျ၍ ကျူံ့ထားသည့်ထူထဲထဲမျက်ခုံးမွှေးတွေဟာ တွန့်ကွေ့လို့ လှိုင်းထနေသည် ။
"ဟင့်...လီလီ့အိုက့်စခရင် အိုက့်စခရင် "
ထိုပေါက်စသေးသေးလေး၏ဘေးနားက မြေပေါ်တွင် ချောကလက်ရေခဲမုန့်တစ်ခုကိုထိုးပြပြီး ငိုနေပြန်သည် ။ရေခဲမုန့် ice creamကို မပီမသနှင့် 'အိုက်စခရင်'လုပ်နေသည့်ပေါက်စကြောင့် သူမမှာရီမိတော့၏ ။
"ဘေဘီ့ရေခဲမုန့်ပြုတ်ကျသွားတာလား ။မမက အသစ်ထပ်ဝယ်ပေးမယ်လေ ။မငိုရဘူး ။လမ်းမကြီးပေါ်မှာ လူတွေကြည့်နေတယ်လေ "
ချယ်ယောင်းခြေဆင်းထိုင်နေတဲ့ ကလေးလေးကို ထူပေးတော့ယိုင်တိယိုင်နနှင့်ထလာသည် ။လူကောင်သေးတော့ စကပ်သေးသေးလေးကလည်း ဒူးမဖုံး ။ရှူးဖိနပ်ဖြူဖြူလေးက ဖုန်တွေပေနေသည် ။
"ဟင့် အိုက့်စခရင် "
"ဟုတ်ပါပြီ ။ဝယ်ပေးမယ် လာ "
အရပ်က ချယ်ယောင်းရဲ့ခါးလောက်ပဲရှိသေးသည် ။လက်သေးသေးလေးနှစ်ဖက်ဖြင့် သူမညာဘက်လက်ကိုခိုတွဲလိုက်လာလိုက်တာများ ။ရေခဲမုန့်ဆိုင်ကမဝေး ။ဒီကလေးက ဒီဆိုင်ကပဲရေခဲမုန့်ဝယ်ခဲ့တာထင်သည် ။
"ဦးလေး ချောကလက်ရေခဲမုန့်တစ်ခုရှင့် "
"ဟုတ်ပြီ ရမယ်နော်ကလေးမ "
သူမလွယ်ထားတဲ့ကျောပိုးအိတ်ထဲကပိုက်ဆံအိတ်အားထုတ်နေတုန်း အင်္ကျီစအားလာဆွဲသည့် ဘေဘီလေး ။သူမမေးဆတ်၍ ပြောပါဆိုသည့်အမူအရာလုပ်ပြတော့ မျက်ဝန်းအိမ်ကျယ်ကျယ်လေးတွေ မှေးမိုက်သွားအောင်ထိ ရီပြသည် ။
"နှစ်ထု လီလီကနှစ်ထုလိုချင်လို့ "
ဖောင်းဖောင်းအိအိလက်လေးနှစ်ချောင်းထောင်၍ သွားတွေပေါ်သည်ထိရီကာပြောနေသည် ။လည်လိုက်သည့် ငလည်မလေး ။
YOU ARE READING
May all roses be her
Romanceအဲ့ဒီပန်းချီဆွဲတဲ့ လက်ချောင်းတွေက ကျွန်မအတွက်တော့ သိပ်မြတ်နိူးဖွယ်ကောင်းတာပဲ ။