အခန်း(၆)

778 101 21
                                    

ဒုတိယအကြိမ် လီဆာအိမ်ကိုပြန်လာခြင်းပါ ။တစ်ပတ်အတွင်း အိမ်နားကအဒေါ်အန်တီကြီးဆီမှာအပ်ထားခဲ့ရသည်က စိတ်ချရပါ၏ ။

အိမ်ဟာရှင်းစရာထပ်မလိုပဲ လူအမြဲနေသလို သန့်သန့်ရှင်းရှင်းရှိလှသည် ။လီဆာ့မှာ ခင်တွယ်စရာဆို၍ အိမ်နီးနားချင်းတချို့သာရှိသည် ။အနည်းငယ်ကျယ်သည့်ခြံဝန်းလေးဟာ လီဆာ့အတွက်တော့ လုံလောက်ပါ၏ ။

ပြောင်းလာတည်းက ခြံအတွင်းအပင်တချို့စိုက်ထားသည်ကြောင့် အခုဆိုလျှင်အတော်ပင်ကြီးနေပြီး လီဆာ့အိမ်ဝန်းလေးဟာ စိုစိုပြေပြေလေး ဟိုစံအိမ်ကြီးလောက်မခန်းနားပေမဲ့ပေါ့ ။

ပန်းပင်ရေလောင်းနေရင်း အတွေးထဲဝင်လာသည့် ဝါကျင်ကျင်ဆံပင်တို့နှင့်အမျိုးသမီး ။ပိုက်ကထွက်နေသည့် ရေတို့အားလက်ဖြင့်တို့ထိတို့ထိလုပ်နေရင်း လီဆာပြုံးမိ၏ ။အရင်အပတ်တုန်းကပြန်လာတော့ ထိုအမျိုးသမီးနှင့်က လီဆာအဆင်မပြေသေးဘူးလေ ။

နားရက်ရသည် ။စျေးသွားမည် ။ကိုယ်တိုင်ဟင်းချက်ပြီး အများကြီးနားပစ်မည် ။စံအိမ်ကို ဒီတစ်ခေါက်ပြန်သွားလျှင် စာအုပ်တွေသယ်ရအုံးမည် ။ခေါင်းထဲအစီအရီဝင်လာသည့် အတွေးစတွေ ။

"လီဆာ! "

အသံကြား၍ လှည့်ကြည့်တော့ သံတံခါးပေါက်သေးသေးမှ ခေါင်းကျော်၍မြင်နေရသည့် ဂန်ဆူးလ်ဂီ ။လက်နှစ်ဖက်မှာဆွဲထားသည့် အထုပ်တွေကလည်းနည်းသည်မဟုတ် ။

"ဟူး...မောလိုက်တာဟယ် ။အမေတို့များ သမီးလေးတစ်ယောက်ရှိတယ် ခိုင်းဖို့ပဲတက်တယ် ။နင့်အိမ်ဝင်အုံးမယ်ပြောတာကို သူ့အထုပ်တွေကိုလမ်းကြုံဝင်သယ်ခဲ့ပေးရသေးတယ် ။ဘာတွေမှန်းလည်းမသိဘူး ဖွင့်ကြည့်ပြန်လို့အရာပျက်ရင်လျှင် အဆူခံရအုံးမယ် ။လေးတာလည်းပြောမနေနဲ့ "

ရေခဲသေတ္တာထဲက အအေးဘူးထဲမှအအေးတချို့ကို လီဆာဖန်ခွက်ထဲထည့်နေရင်း ဧည့်ခန်းကထိုင်ခုံမှာ စိတ်ပျက်လက်ပျက်ထိုင်ကာ​ မျက်နှာကျက်ကိုခေါင်းမော့ပြောနေသည့် ဆူးလ်ဂီ ။ဆူးလ်ဂီဟာ အဲ့ဒီလိုအပျင်းထူ ၊အညင်းအညူသန်သည့်လူမျိုး ။

"သောက်အုံး "

ချပေးတဲ့ လိမ္မော်ရည်ကို တစ်ကျိုက်ထဲနှင့်ကုန်အောင်သောက်သည့် ဆူးလ်ဂီကိုကြည့်ရင်း ချိုရည်ဆိုလျှင် တမြည့်မြည့်သောက်ကာ နူးနူးညံ့ညံ့ရှိလှသည့် အမျိုးသမီးတစ်ယောက်အား သတိရမိသွားသည် ။

May all roses be herWhere stories live. Discover now