"၂၉! ဟုတ်လား ။ဘုရားရေ!
ဒါဆို အဲ့ဒီအမျိုးသမီးက ကျွန်မထက်၅နှစ်တောင်ကြီးတာပေါ့လေ ""ဟုတ်တယ် ။အစ်မထက်တောင် မမလေးက၂နှစ်ပိုကြီးတာ ညီမလေးနဲ့ဆို အဲ့လောက်ထိအသက်ကွာသွားမှာပေါ့ ။ဘာဖြစ်လို့လဲဟင် "
နှင်းဆီပန်းတွေခူးနေတဲ့အစ်မဆိုနီနောက်ကနေသူမ တကောက်ကောက်လိုက်နေတာ ။မနက်အစောကြီးထတက်သည့်လီဆာ့အကျင့်ကြောင့် ထမင်းချက်ဂန်ထပြီးမကြာခင်မှာပဲမနက်၅နာရီမှာ လီဆာနိူးလာသည် ။မနေ့ညထဲက ထိုအမျိုးသမီးကိုအသက်ကွာခြားမှုမေးလိုက်ချင်သော်လည်း လီဆာထွက်လာခဲ့ရသည်မဟုတ်လား ။သိချင်နေမှုက ပြင်းပြနေသည်ကြောင့် နှင်းဆီခင်းဘက်ကအစ်မဆိုနီကိုမြင်တာနှင့် အခုလိုနောက်ကလိုက်ကာမေးနေရခြင်းပင် ။
"တကယ်ပါပဲ ။ကျွန်မက ပုံစံနဲ့အသားအရေကိုကြည့်ပြီး ငယ်မယ်လို့ထင်ထားခဲ့တာ "
ဆရာဟာ လီဆာ့ကိုလူနာနှင့်ပတ်သက်ပြီး ကိုယ်ရေးအချက်အလက်ဘာမှပြောမထားဘူး ။ဆေးစာတန်းကိုသာ ပြခဲ့တာ ။ရီချင်စရာက သူမကိုလီဆာ့ထက်ငယ်တယ်လို့သာထင်ခဲ့တာ စိတ်ထဲမှာသုံးနှုန်းတာက အမျိုးသမီး ။အမျိုးသမီးတဲ့လေ ။လာလီဆာလုပ်လိုက်ရင်တလွဲ ။
"ညီမလေးမှားတာလဲဖြစ်တက်ပါတယ် ။မမလေးက အရမ်းကိုနုပြီးလှတာ ။အစ်မဆိုနီဒီအိမ်ရောက်တုန်းကလည်း ညီမလေးလိုပဲ ငယ်တယ်ပဲထင်ခဲ့တာ "
"အစ်မဒီအိမ်မှာနေတာ ကြာပြီးလား "
"အင်းကြာပြီလို့ပြောရမယ် ။၄နှစ်လောက်ရှိပြီးထင်တယ် ဒီရောက်တာက ။
သခင်မကြီးနဲ့ မမလေးရဲ့ကျေးဇူးတွေက အစ်မအပေါ်မှာအများကြီးဘဲ ။ခင်တွယ်စရာကလည်း ဒီအိမ်ထဲက လူတွေပဲရှိတော့ တခြားနေရာတွေလည်း ထွက်မသွားဖြစ်ဖူး "တစ်အိမ်လုံးကပန်းအိုးတွေအတွက်ခူးနေတာဖြစ်မည် ။အစ်မဆိုနီလက်ထဲမှာ ပန်းတွေကအများကြီး ။
"ပေး ကျွန်မလည်းကူပေးမယ် ။ဒါနဲ့ ထမင်းချက်ဂန်နားက ရုပ်ချင်းဆင်တဲ့ကောင်မလေးနှစ်ယောက်က အမွှာလား အစ်မ "
"ဟုတ်တယ် ။အဲ့ဒါအစ်မ ညီမတွေလေ ။ကီနဲ့ခီအထက်တန်းမပြီးကျသေးဘူး ။သခင်မကြီးက ကျောင်းထားပေးထားတာ "
YOU ARE READING
May all roses be her
Romansaအဲ့ဒီပန်းချီဆွဲတဲ့ လက်ချောင်းတွေက ကျွန်မအတွက်တော့ သိပ်မြတ်နိူးဖွယ်ကောင်းတာပဲ ။