အခန်း(၈)

1.6K 134 30
                                    

ပါးပြင်ကိုပွတ်သပ်နေသည့်လက်ချောင်းတွေ ။လီဆာဘာဆိုလာမှအသိစိတ်မရှိတော့တာ ။ခန္ဓာကိုယ်ဟာ ဗလာဖြစ်နေသလိုပဲ ။နှာဖျားထိပ်ကအေးစက်စက်အထိအတွေ့ဟာ ကြာတယ်မကြာဘူးလို့လဲမဆိုနိူင်ပေမဲ့ ။လုံလောက်ပါတယ် ။လီဆာအဲ့ဒီအခိုက်အတန့်မှာပဲ ပိတ်မိနေဖို့က ။

"တို့ကြောင့် ရင်ခုန်နေတာလား "

ပခုံးကလက်တွေကို လီဆာ့ဘယ်ဘက်ရင်အုံပေါ်လာတင်ပြီး နှုတ်ခမ်းတွေကလှောင်ပြုံးပြုံးနေတာ ။ဒီမိန်းမ ။လီဆာ့အား လှောင်နေတာ ။

"အဟင်း ဟင်း...ဘာလို့ကြောင့်များ မျက်နှာကစူပုပ်လာရတာလဲကွယ် ။ဟင်? ။ကြည့်စမ်း မျက်ခုံးတွေကျုံ့ထားတာက ချစ်စရာမကောင်းဘူးနော် "

အလိုမကျလို့ ကျုံ့ထားတဲ့မျက်ခုံးတို့အား အတင်းလိုက်ပြီးလက်နှစ်ဖက်နှင့်ညှိနေသည် ။ထိုမိန်းမ ခန္ဓာကိုယ်အပေါ်ပိုင်းက လီဆာ့ဆီယိုင်နဲ့နေတော့ တပတ်ပတ်ထားသည့်နေရာအစရင်ဘတ်တွေမှာ လိုတာထက်ပို၍အချိုင့်နေရာအား မြင်နေရသည် ။

သထွေးသီးချင်သလိုဖြစ်နေသည့် လီဆာ၏တုန်ရီနေသောနှုတ်ခမ်းတွေအား ခပ်ဖွဖွလက်ညိုးနှင့်လက်ကလည်နှစ်ချောင်းပူးကပ်၍ ထိတွေ့သည် ။
လီဆာ့နှုတ်ခမ်းအားစိုက်ကြည့်နေသည့် မျက်ဝန်းလှလှတွေ ။နှုတ်ခမ်းအရေပြားပေါ်က အေးစက်နေသည့်လက်နှစ်ချောင်း ။နူးညံ့နေတာပဲ ။

"ယောင်း! "

လီဆာ ခပ်ဆတ်ဆတ်ခေါ်တာကို လစ်လျူရှူနေသည့်မိန်းမ ။ခုနကလီဆာ့နှုတ်ခမ်းပေါ်တင်ခဲ့သည့် လက်ချောင်းတွေအား သူမ၏နှုတ်ခမ်းလွှာတွေပေါ်တင်သည် ။မျက်လုံးအကြည့်တွေက လုပ်ချင်တာကိုလုပ်ရ၍ အောင်နိူင်သူတစ်ယောက်လိုမျိုး ။

ခန္ဓာကိုယ်ကိုပြန်မတ်သည် ။ဒါပေမဲ့ နှုတ်ခမ်းပေါ်လက်တင်ထားတာပုံမပျက် ။လီဆာ့အားမျက်ခုံးတွေပင့်၍ ကြည့်သည် ။လီဆာတကယ်ကို ပြောစရာတွေတောက်ပျောက်ပါတယ် ။

"လီဆာ ဖုန်းလာနေတယ် "

"ဟုတ် ဟုတ်ကဲ့အစ်မဆိုနီ "

မတ်တပ်ထရပ်တော့ ခြေထောက်တွေက ခွေလဲကျချင်နေသည် ။တကယ်ပါပဲ ခက်သည် ။ခက်ပါရဲ့ ။
ဖုန်း contact အားကြည့်တော့ ဆေးရုံကလုပ်ဖော်ကိုင်ဖက် သူနာပြုအစ်မတစ်ယောက်ဖြစ်နေသည် ။

You've reached the end of published parts.

⏰ Last updated: Sep 26 ⏰

Add this story to your Library to get notified about new parts!

May all roses be herWhere stories live. Discover now