ခြေလှမ်းတိုင်းက အေးစက်စက်ကြမ်းပြင်တို့နဲ့ကွဲစွာ တစ်ကိုယ်လုံးကသွေးကြောတွေပူနေသည်မှာ ခြေဖဝါးတွေမှအစပင်ဖြစ်သည် ။
ပေါင်နားလောက်ကဂါဝန်စကိုတင်းတင်းဆုတ်ကိုင်၍ လီဆာဘက်လှည့်မလာသေးသည့် ရွှေဝါရောင်ဆံပင်တွေတစိုတစဖုံးနေတဲ့ ကျောပြင်ဆီ လျှောက်သွားရသည် ။အခန်းထဲတစိမ်းတစ်ယောက်(တစ်ခါမှမမြင်ဖူးသည့်လူ)ရောက်လာတာကိုပင် ထိုအမျိုးသမီးဟာတည်ငြိမ်စွာထိုင်နေရက် ၊ပန်းချီစုတ်တံက ဖြူဖြူအပြားကြီးပေါ်စုတ်ချက်တွေတင်နေသည်ကလည်းရပ်တန့်မသွားသေးပါဘူး ။ထိုအမျိုးသမီးရဲ့ညာဘက်နားမှာခုံပုပုလေးက လီဆာ့မျက်လုံးထဲဝင်လာသည်ကြောင့် လက်တစ်လှမ်းမကွာသည့်နေရာမှာ တောင့်တောင့်ကြီးမရပ်နေတော့ဘဲ ထိုခုံပုလေးပေါ်ဝင်ထိုင်ပစ်လိုက်တော့သည် ။ခြေထောက်အောက်က ရောင်စုံဆေးစက်တွေကြောင့် လီဆာခေါင်းမမော့ဖြစ်သေးပါ ။မနင်းမိအောင် ရှောင်နေရသည် ။လီဆာ့ကြောင့် ဒီအိမ်ကြီးရဲ့ပြောင်လက်နေသည့် ကြမ်းပြင်တွေကို ခြေစွန်းရာတွေမရှိစေချင် ။
ကြမ်းပြင်မှာက စုတ်တံကြောင့်မတော်တဆကျသည့် ဆေးပေါက်အနည်းငယ်သာရှိသည်ကလွဲ၍ လီဆာ့မျက်နှာကိုတောင် ဝေဝေဝါးဝါးလေးပြန်မြင်နိူင်သည်ထိသန့်ရှင်းကာ တောက်ပြောင်နေတယ် ။
ကြမ်းပြင်မှာမရှိဘဲ တစ်စုံတစ်ခုရဲ့ပေါ်မှာတင်ထားတဲ့ခြေချောင်းတွေကို စမြင်ရသည် ။ရှည်သွယ်သွယ်နှင့် ခြေထောက်ဖျားတွေဟာခြံထဲက နှင်းဆီပန်းနီနီတွေနှင့်ကွဲလွဲစွာ ပန်းနုရောင်သန်း၍နေတယ် ။
"မင်းကိုထမင်းစားလာခေါ်တာ "
ခုံကပုတော့မော့ကြည့်နေရသည် ။ဘေးတစောင်းအနေအထားနဲ့မေးရိုးကျပုံကိုမြင်ရသည် ။ နို့နှစ်ရောင်မကျဖြူနှစ်နေသည်လည်းမဟုတ်ပေမဲ့ အသားအရေတို့ကကြည်၍တောက်တောက်လေးဖြစ်နေသည် ။အသက်အရွယ်လည်းမသိဘူးလေ အဲ့တော့ဒီမျိုးသမီးက လီဆာ့ထက်ငယ်နိူင်သည် ။ရုပ်ကိုလည်းသေချာမတွေ့ရသေးပါ ။သူမအာရုံနှင့်သူမ ရှိနေသည် ။အနားမှာလူတစ်ယောက်လာထိုင်နေတာတောင် သူမတစ်ယောက်ထဲရှိနေသည်လို့ပင် စိတ်ထဲထင်နေသလားမသိပါ ။
YOU ARE READING
May all roses be her
Romanceအဲ့ဒီပန်းချီဆွဲတဲ့ လက်ချောင်းတွေက ကျွန်မအတွက်တော့ သိပ်မြတ်နိူးဖွယ်ကောင်းတာပဲ ။