အခန်း(၄)

780 104 16
                                    

ဒီအိမ်ကိုရောက်တဲ့ ပထမရက် ၊ဒုတိယရက် ၊တတိယရက် သုံးရက်သာကုန်ဆုံးသွားသည် ။မျက်နှာချင်းဆိုင်အခန်းက အမျိုးသမီးနှင့်က အဆင်မပြေဆဲပါပဲ ။လီဆာနှင့်ဆုံတိုင်း တဖြောင့်ထဲဖြစ်မနေသည့် မျက်ခုံးရှည်ရှည်တွေကြောင့် သက်ပြင်းအခါခါချရသည် ။

အိပ်ယာထက်မှာ ဘယ်လှည့်ညာလှည့်ဖြင့်လီဆာ့ရဲ့ ညတာဟာလည်းရှည်အုံးမယ် ။ပြောရလျှင် ဒီအိမ်ရောက်တဲ့နေ့ထဲက ကောင်းကောင်းအိပ်ပျော်တယ်လို့မရှိသေးပါဘူး ။ညအိပ်ရာဝင်တိုင်း ခေါင်းထဲမှာအများကြီးစဥ်းစားရသည် ။ဘယ်နည်းလမ်းဟာ ထိုအမျိုးသမီးနှင့်သူမ အဆင်ပြေနိူင်မည်လဲ ။

စိတ်မရှည်မှုတို့ဖြင့် ခြုံထားသည့်စောင်ကိုဖယ်ပစ်ကာ ကုတင်ပေါ်မှဆင်းလိုက်ကာ အခန်းအပြင်ဘက်သို့ထွက်လာခဲ့လိုက်သည် ။

အားလုံးအိပ်နေကြသော်လည်း အိမ်ကြီးတစ်ခုလုံးက မီးရောင်တို့ကတလက်လက်နှင့် ရှင်းလင်းစွာမြင်ရသည် ။အိမ်တံခါးမကြီးကိုဖွင့်အပြီးမှာ တချက်တိုက်လာသည့်အပြင်လေကြောင့် ဝတ်ထားသည့်ညအိပ်ဝတ် အိတ်ကပ်ထဲသို့လက်တွေကိုထိုးထည့်လိုက်မိသည် ။

အခန်းထဲမှာအိပ်မပျော်ဘဲ နေရတာထက်စာလျှင်တော့ အခုလိုမျိုး အပြင်ထွက်လမ်းလျှောက်ရသည်ကမှ စိတ်ဖြေသာကာ အေးအေးလူလူရှိတော့သည် ။

ကျယ်ဝန်းလှတဲ့ခြံဝန်းကြီးထဲမှာ များပြားလှသော မီးတိုင်တို့မှမီးအလင်းရောင်ကြောင့် ဝင်းထိန်လို့ပင် ။ခြံအလယ်၌ ရေပန်းခပ်ကြီးကြီးတစ်ဝိုက်မှ မီးရောင်တို့ဟာ ရေရိပ်ထင်ကာ ဘေးနားအနီးထိပြန့်နေသည် ။

လီဆာရောက်တဲ့ သုံးရက်အတွင်းဟိုအမျိုးသမီးနှင့်သာ အဆင်မပြေသေး ၊သူမစိတ်တွေကိုမသိသေးသော်လည်း ဒီစံအိမ်ရဲ့တော်တော်များများကိုတော့ ကီနှင့်ခီတို့ဆီမှ သိခဲ့ရပြီပါပြီ ။တကယ်တော့ ဒီစံအိမ်မှာက လီဆာထင်ထားသည်ထက် အလုပ်သမားတွေဟာများလှသည်တဲ့လေ ။စံအိမ်နောက်ဖက်က အလုပ်သမားတွေနေသည့်အိမ်သပ်သပ်ပင်ရှိသည် ။

လီဆာနေရတဲ့ အိမ်ကြီးမှာတော့ အန်တီရယ် ၊လီဆာ့ကိုမကြည်ဖြူသေးတဲ့ မျက်ခုံးခပ်တွန့်တွန့်အမျိုးသမီးရယ်သာ သုံးယောက်ထဲပင် ။

May all roses be herWhere stories live. Discover now