နှုတ်ဆက်စကား

8.2K 734 6
                                    

မော်ဒန်ခေတ်

လုပိုင်မင် အိမ်ထဲကနေတတ်နိုင်သမျှတိတ်တိတ်ကလေးထွက်လာခဲ့သည်။အ​နောက်ကိုလှည့်ကြည့်လိုက်ချိန်တွင် သူ့အုပ်ထိန်းသူဖြစ်သည့်စက်ဆုပ်ဖွယ်ကောင်းသောလူအိုကြီး၏အသက်ရှူသံပြင်းပြင်းကိုကြားနေရတုန်းပင်။

သူ့အမေအရင်းက သူ့ကိုမွေးပြီးပြီးချင်းမှာပင်သေဆုံးသွားခဲ့ပြီး အဖေအရင်းဖြစ်သူကလည်းပေါ်လာခြင်းမရှိခဲ့ပေ။ထို့ကြောင့် သူမွေးကင်းစအရွယ်ကပင် မိဘမဲ့ဂေဟာသို့ အပို့ခံလိုက်ရသည်။မိဘမဲ့ဂေဟာတွင် အနိုင်ကျင့်တတ်သောကလေးအုပ်စုက နေ့စဥ်နေ့တိုင်းသူ့အစားအစာများကိုခိုးယူခဲ့ခြင်းကြောင့် ဝမ်းဝရုံသာစားခဲ့ရသည်။အာဟာရပြည့်ဝစွာမစားသောက်ခဲ့ရသဖြင့် ပိန်ပိန်ပါးပါးကောင်ကလေးအဖြစ် အရွယ်ရောက်လာခဲ့သည်။သူ့အသက်ခုနစ်နှစ်အရွယ်တွင် *ဝက်သစ်ချပင်ကြီးကဲ့သို့ရှုံ့တွနေသောမိန်းမကြီးတစ်ယောက်* က သူ့ကိုမွေးစားဖို့ခေါ်သွားခဲ့သည်။အိမ်အသစ်ဆီသို့သွားနေသောကားထဲတွင် သူ အရမ်းပျော်နေတာကြောင့် ခြေထောက်ကလေးတွေကိုလွှဲရမ်းနေမိကာ ကလေးတစ်ယောက်၏ဖြူစင်​တောက်ပသောအပြုံးက သူ့မျက်နှာတွင်ထင်ဟပ်နေလေသည်။

(T/N-*အသက်ကြီးလာလို့ပါးရေတွေတွန့်နေတဲ့မိန်းမတစ်ယောက်*)

သူ အရမ်းကိုစိတ်လှုပ်ရှားနေခဲ့သဖြင့် ပါးတွေတောင်နီရဲနေပြီး သူ့ကိုမွေးစားဖို့ခေါ်လာသောမိန်းမကြီးကို ဘယ်လိုခေါ်ရမလဲဆိုတာစဥ်းစားနေခဲ့သည်။'ဘွားဘွား'၊'အဘွား'၊'အန်တီ' သူ့အတွေးတွေက သူ့ကိုသာယာကြည်နူးဖွယ်ခရီးတစ်ခုဆီသို့ခေါ်ဆောင်သွားတာကြောင့် ကားကမှောင်မည်းနေသောပတ်ဝန်းကျင်ထဲသို့မောင်းနှင်လာသည်ကို သတိမထားမိခဲ့ပေ။တစ်လမ်းလုံးတိတ်ဆိတ်ငြိမ်သက်နေကာ အဆောက်အဦးများမှာ ဆေးရောင်များပင်လွင့်ပြယ်နေပြီး ကြမ်းပြင်ပေါ်တွင်လည်း အမှိုက်များ၊ဘီယာပုလင်းခွံများဖြင့်ရှုပ်ပွနေသည်။

သူ့ကိုခေါ်လာသောမိန်းမကြီးကို'ဘွားဘွား'ဟုခေါ်မည်ဟုဆုံးဖြတ်ပြီးချိန်တွင် ကားရပ်သွားကာ သူဆင်းဖို့အတွက်တံခါးပွင့်လာခဲ့သည်။ကားပေါ်ကဆင်းဆင်းချင်း ပတ်ဝန်းကျင်ကိုကြည့်ရှုလိုက်ချိန်တွင် သူ့ရဲ့စိတ်လှုပ်ရှားနေမှုကြောင့် ရှုပ်ပွနေသောပတ်ဝန်းကျင်ကအင်မတန်မှလှပနေခဲ့သည်။သူ့အဖို့တော့အိမ်သည် မီးခိုးရောင်ဖြင့်ပြုလုပ်ထားသလိုဖြစ်နေပြီး ကြမ်းပြင်ပေါ်တွင်လိမ့်နေသောပုလင်းခွံတွေတောင် ခွေးပေါက်ကလေးများလူးလှိမ့်၍ကစားနေသကဲ့သို့ပင်။သူ ဘွားဘွား၏လက်ကိုကိုင်ဆွဲပြီး သူမကို ချိုသာစွာပြုံးပြလိုက်သည်။

A Lotus Born Of Mud (Completed) Where stories live. Discover now