ရှုရင် လုရှစ်စွင်း၏ခြံဝင်းထဲကိုမရောက်ခင်အထိ သူနှင့်အကျွမ်းတဝင်ရှိနေသည့်နေရာမှာ ခြေဦးတည့်ရာသွားနေမိသည်။သို့ပေမဲ့ သူလိုက်ရှာနေသည့်လူက ခြံဝင်းအပြင်မှာရှိနေတာကိုတွေ့လိုက်ရသည့်အခါ ရုတ်တရက်လန့်သွားမိသည်။ဘာကြောင့်လဲဆိုတော့ လုရှစ်စွင်းကအခုအချိန်ထိ သခင်ငယ်လေးတစ်ယောက်လို အိပ်မောကျနေလောက်ဦးမှာလို့ သူ့ကိုပြောခဲ့တာကြောင့်ပင်။အဲ့ဒီထိထက်ပိုတာက လုရှစ်စွင်းက သူ့ရဲ့ခြေလက်အင်္ဂါတွေကို ထူးဆန်းစွာဆန့်ထုတ်နေ၏။သူ ကြောက်ရွံ့နေသော်လည်း စိတ်ဝင်စားမိတာကြောင့် ငြိမ်သက်စွာမတ်တတ်ရပ်နေခဲ့မိသည်။
လုရှစ်စွင်း နောက်ထပ်ဘာလုပ်ဦးမလဲမသိဘူး?
ရှုရင် သူ့ကိုယ်သူ တော်တော်စပ်စုနေမိတယ်ဆိုတာကိုသတိထားမိသွားသည်။
တစ်အောင့်အကြာတွင် လုရှစ်စွင်းက ပါးစပ်ကနေတစ်တွတ်တွတ်ပြောနေရင်းဖြင့် ပုရွက်ဆိတ်တစ်ပုံတစ်ခေါင်းကြီးနှင့်ကစားဖို့ ဆောင့်ကြောင့်ထိုင်ချလိမ့်မယ်လို့ တွေးတောင်မတွေးခဲ့ဖူးပေ။ရှုရင်၏လက်တွေတုန်နေသည်မှာ အစားအသောက်တွေဖိတ်ကျလုနီးပါးပင်။
ဒီအပြုအမူတွေကသူတို့ငါ့ကိုပြောထားတာတွေနဲ့နည်းနည်းမှတူမနေဘူးနော် အား!
အစားအသောက်တွေဖိတ်မသွားခင် သူ့တည်ရှိနေမူကိုအသိပေးမှဖြစ်မည်ဟုဆုံးဖြတ်လိုက်ပြီးနောက် သူ ချောင်းနှစ်ကြိမ်ဟန့်လိုက်သည်။
ပိုင်မင် လူငယ်လေးကသူ့ကိုစိုက်ကြည့်နေတာကိုသိလိုက်ရချိန်တွင် လန့်ဖျပ်သွားပြီး ထိုကောင်လေးဘယ်အချိန်ကတည်းကရှိနေတာလဲဆိုတာကို သိချင်မိသွားသည်။သို့သော် သူက အခုလက်ရှိအချိန်မှာ တစ်ခြားလူတစ်ယောက်ရဲ့ကိုယ်ထဲရောက်နေတယ်ဆိုတာကို အမှတ်ရသွား၏။သူ့မှာ ဒီအခြေအနေကိုဘယ်လိုရှေ့ဆက်ရမလဲဆိုတာနှင့်ပတ်သက်ပြီးဘာမှမသိပေ...ပြောရမည်ဆိုလျှင် တော်တော်များများကိုမသိတာပင်။သူချက်ချင်းမတ်တတ်ရပ်လိုက်ပြီး သူ့ဝတ်ရုံအောက်ပိုင်းမှာပေနေသည့်ဖုန်တွေကိုခါထုတ်လိုက်ချိန်တွင် ရွှံ့တွေပေနေသောမနေ့ညကဝတ်ရုံအား အခုထိဝတ်ထားတုန်းပဲဆိုတာကို သတိထားမိသွားသည်။သူမှတ်မိတာသာမှန်မယ်ဆိုလျှင် ဒီခန္ဓာကိုယ်ရဲ့မူရင်းပိုင်ရှင်က အသန့်ကြိုက်သူတစ်ယောက်ပင်...သူ တံတွေးမြိုချလိုက်ပြီး သူ့မျက်နှာထားကိုတည်လိုက်ကာ ကျောကိုဆန့်ပြီးခေါင်းမော့လိုက်သည်။
YOU ARE READING
A Lotus Born Of Mud (Completed)
Fantasy"လုရှစ်စွင်း...ကျွန်တော်ရှစ်စွင်းကိုသဘောကျတယ်" "ငါလည်းမင်းကိုသဘောကျပါတယ်,ရှောင်ရင်" "ကျွန်တော်ပြောလိုက်တဲ့ *သဘောကျတယ်* ဆိုတာက အိပ်ရာထဲမှာတစ်နေ့လုံးတစ်ညလုံးလူးလှိမ့်ချင်တဲ့သဘောကျမှုမျိုးပါ ရှစ်စွင်း" *ဆန့်ကျင်ဘက်အရပ်သို့ ကမန်းကတန်းထွက်ပြေးသွား ...