ကျွန်တော် ရှစ်စွင်းကို အိပ်ရာထဲမှာလူးလှိမ့်ချင်တဲ့အချစ်မျိုးနဲ့ချစ်တာပါ

2.1K 248 6
                                    

ပိုင်မင် ဧည့်ခန်းဆီသို့ ​ခြေလှမ်းကျဲကျဲဖြင့်လျှောက်လှမ်းလာရင်း သူ့ဘေးတစ်ဖက်တစ်ချက်ရှိလက်ချောင်းများထံမှ စပ်ဖျဥ်းဖျဥ်းခံစားနေရသည်။သူ့နားရွက်တွေလည်း မီးတိုက်ခံထားသလိုရဲတွတ်နေကာ ခုနကခံစားခဲ့ရသည့် သူ့လက်ချောင်းတွေပေါ်ကအထိအတွေ့နှင့် သူ့ဝမ်းဗိုက်အောက်ပိုင်းတစ်လျှောက်ဆီသို့ဦးတည်နေသောခံစားချက်တွေကို မေ့ဖျောက်ဖို့ကြိုးစားရင်း ခန္ဓာကိုယ်တွင်းရှိအပူမီးကိုငြိမ်းသတ်နေရသည်။

"ယားးး...ငါဘာတွေဖြစ်နေတာတုန်း။သေချင်းဆိုးရှုရင်။အယုတ်တမာကောင်!" သူ့လက်ကို ဝတ်ရုံဖြင့်အဆက်မပြတ်သုတ်နေရင်း သူပြောလိုက်မိသည်။မကြာခင်မှာပဲ သူ လက်မှားပြီးသုတ်မိနေကြောင်းသိလိုက်ရ၏။ပိုင်မင် ခေါင်းကိုအသာစောင်းရင်းသက်ပြင်းချလိုက်ပြီး တစ်စုံတစ်ခုအားမန္တန်ရွတ်ဆိုနေသလိုမျိုး သူ့စိတ်ထဲ ရပ်တန့်ခြင်းမရှိရေရွတ်နေမိသည်။

ငါကဝတ်ရုံလက်ပြတ်မဟုတ်ဘူး

ငါကဝတ်ရုံလက်ပြတ်မဟုတ်ဘူး

ဝတ်ရုံလက်ပြတ်မဟုတ်ဘူး

ဝတ်ရုံလက်ပြတ်မဟုတ်...

သူ့လျှာကနွေးနေတာပဲ...ချီးပဲ,ငါကဝတ်ရုံလက်ပြတ်မဟုတ်ဘူးကွ!

ပိုင်မင် စိတ်ထဲကြိတ်ကာငိုနေမိပြီး သူ့ပါးအားဘယ်ပြန်ညာပြန်ရိုက်လိုက်ပြီးနောက် ဥယျာဥ်ဘက်သို့မျက်နှာမူနေသောခုံတွေထဲကတစ်ခုပေါ်တွင်ထိုင်ချလိုက်သည်။နောက်ဆုံးမှာတော့ ခြေထောက်ထော့နဲ့ထော့နဲ့ဖြင့်ခက်ခက်ခဲခဲလမ်းလျှောက်လာသောရှုရင်သည် သူ့မြင်ကွင်းအတွင်းပေါ်လာပြီး လက်ဖက်ရည်အိုးအားစားပွဲလေးတစ်ခုပေါ်တွင် နေရာချလိုက်သည်။သူက ပိုင်မင့်အတွက် တစ်ခွက်ထည့်ပေးလိုက်ပြီး သူကိုယ်တိုင်အတွက်လည်းတစ်ခွက်ထည့်၍ သူ့အင်္ကျီလက်ကိုနောက်ဘက်သို့ခါကာ ထိုင်လိုက်လေသည်။

ပိုင်မင် သူ့ခွက်ကိုယူကာ တစ်ငုံလောက်သောက်လိုက်ပြီး မျက်လုံးထောင့်နားကနေဖျက်ခနဲကြည့်လိုက်ချိန်တွင် ရှုရင်ကလည်းသူ့အတိုင်းပဲပြူမူနေပေသည်။ရှုရင်သည် သူ့ခွက်ကိုခုံပေါ်သို့ပြန်ချပြီး နှုတ်ခမ်းကိုလျှာဖြင့်သပ်လိုက်၏။သူပြုမူနေသမျှကိုပိုင်မင်ကြည့်နေရင်း တံတွေးအသာလေးမျိုချမိသွားသည်။

A Lotus Born Of Mud (Completed) Where stories live. Discover now