အဲ့ဒီ့ကတည်းကစပြီး

1.4K 231 6
                                    

ရှုရင် ဘာကိုမှမမှတ်မိသောစိတ်အခြေအနေနှင့်နိုးလာကတည်းက သူ အတိတ်မေ့သွားတာ ဒါမှမဟုတ် စိတ်စွမ်းအင်တွေကြောင့် မှတ်ဉာဏ်ဆုံးရှုံးသွားတာဖြစ်လိမ့်မည်ဟု သူ့အမေကသူ့ကိုပြောပြခဲ့သည်။သူ့အမေသည် သူ့ကိုစိတ်ပူစွာမျက်မှောင်ကြုတ်လျက်ကြည့်နေခဲ့ပြီး သူ့အတွက်စိုးရိမ်ပူပန်နေသဖြင့် ရှုရင် လက်ကိုအသာဝှေ့ယမ်းရင်း ဘာမှမဖြစ်ကြောင်းပြောခဲ့သည်။တစ်နေ့ သူဖျားလာခဲ့သည်။တော်တော့်ကိုဆိုးဆိုးရွားရွားပင်။ဘာကြောင့်ဖြစ်မှန်းလည်းဘယ်သူမှမသိသလို ဘာအဆိပ်ဖြေဆေးမှလည်းမရှိခဲ့ပေ။သိပ်မကြာခင်မှာပဲ ဆေးပြားလေးတွေထည့်ထားသောသေတ္တာတွေတစ်လုံးပြီးတစ်လုံးရောက်လာကာ ထိုထဲကသေတ္တာတစ်လုံးပေါ်တွင် ပေးပို့သူနာမည်မရေးထားပေမဲ့ ဆေးကိုဘယ်လိုသောက်သုံးရမယ်ဆိုတာကိုတော့ အမြန်ရေးထားပုံပေါက်သည့်လက်ရေးမျိုးဖြင့်ရေးထားလေသည်။ဒီဆေးပြားတွေက သူ့နာကျင်မှုကိုအမှန်တကယ်ပြေလျော့စေကြောင်းသိရှိသွားခဲ့ကာ ဆေးပြားတွေကိုရေ တွက်လိုက်ချိန်တွင် လာမဲ့သုံးနှစ်အတွင်းမှာကုန်သွားလိမ့်မည်ဟုကောက်ချက်ချလိုက်မိသည်။ဒါကြောင့် သူ့ရောဂါကိုကုသဖို့အတွက် ဆေးနည်းကိုစတင်ရှာဖွေခဲ့သည်။

တစ်ခါ​တလေ ဆုံးရှုံးသွားသည့်သူ့မှတ်ဉာဏ်တွေနှင့်ပတ်သက်ပြီးစူးစမ်းချင်မိသော်လည်း သူ့ရဲ့မှတ်ဉာဏ်တွေက ဒီလိုမျိုးအလွယ်တကူဖျောက်ဖျက်ခံလိုက်ရမှတော့ ပြန်မှတ်မိလာလျှင်လည်း ဘာမှအကျိုးရှိမှာမဟုတ်ဘူးလို့တွေးမိပြန်သည်။အဲ့ဒီ့ကတည်းကစပြီး သူ့မိသားစုစီးပွားရေးကို စကူညီပေးခဲ့သည်။သူတို့မိသားစုက လယ်အသေးစားလေးတစ်ခုကိုလုပ်ကိုင်ပြီး တိရစ္ဆာန်အနည်းငယ်လည်းမွေးမြူထားကာ ဆေးဆိုင်မှာအသုံးပြုဖို့အတွက် ဆေးဖက်ဝင်အပင်တွေကိုလည်းစိုက်ထားပြီး သူ့အမေနှင့်သူ့ညီမလေးတွေက ထိုအပင်တွေကိုသုံးကာ လူနာတွေကိုကုသပေးလေသည်။

အခုဆိုလျှင် ရှုရင် ကူလုပ်ပေးနေတာသုံးနှစ်ရှိနေပြီဖြစ်ပြီး ဟိုဟိုဒီဒီမှာ တောက်တိုမယ်ရအလုပ်တွေသာလုပ်နေခဲ့သည်။တစ်ခါတစ်ရံ  သူတစ်စုံတစ်ခုပျောက်ဆုံးနေသလိုမျိုးခံစားနေရသည်။သူ့ရဲ့အစိတ်အပိုင်းတစ်ခုလိုပင်။ ထိုအရာက သူ့မှတ်ဉာဏ်တွေမဟုတ်၊အဲ့ဒီထက်ပိုပေသည်။သူ့နှလုံးသားထဲကတစ်စုံတစ်ခု။သူ ထိုတစ်စုံတစ်ခုကို တစ်ခါမှအဖြေရှာမရခဲ့သဖြင့် စိတ်ထဲတွေးမနေမိအောင်ကြိုးစားနေရတာလည်းအကြိမ်ကြိမ်ပင်။ဒီလိုမျိုးအဖြေရှာမရခြင်းက ရှုရင်ကိုအနည်းငယ်စိတ်ရှုပ်စေ၏။သူ့ရဲ့ဘဝရည်ရွယ်ချက်ကို လုံးဝရှာမရပေ။ဘဝပန်းတိုင်းကိုလည်းရှာမတွေ့သလို ထိုအရာတွေကိုဝေမျှဖို့အတွက် ထူးခြားသည့်တစ်စုံတစ်ဦးကိုလည်း ရှာလို့မတွေ့ပေ။အဲ့ဒါကြောင့် တစ်နေ့ပြီးတစ်နေ့ သူ ကမ္ဘာ့ကြီးနှင့်အနည်းငယ်ဝေးကွာလာသလိုမျိုးခံစားနေရသည်။

A Lotus Born Of Mud (Completed) Where stories live. Discover now