အခုချိန်တွင် ပိုင်မင် စိတ်ကူးနိုင်တာထက်ကိုပိုပြီး ပင်ပန်းနေလေပြီ။သူ့ရဲ့အခန်းအသစ်မှာထားခဲ့ခံရပြီးသိပ်မကြာခင်မှာပင် 'အခန်းဖော်'ရှုရင်၏ညီမလေးများက အခန်းထဲသို့ဇွတ်အတင်းတိုးဝင်လာကြပြီး သူ့အားမေးခွန်းများကို အမြှောက်ပြစ်သလိုတရစပ်မေးမြန်းလေတော့သည်။
"ဘယ်လိုအသားအရေထိန်းသိမ်းတဲ့ပစ္စည်းမျိုးသုံးလဲ"
"အသက်ဘယ်နှစ်နှစ်ရှိနေပြီလဲ?"
"ဘာရာသီခွင်ဖွားလဲ?"
"ကောင်မလေးရှိလား?"
"လူပျိုလားဟင်?"
ပိုင်မင် "..."
ကောင်မလေး'လေးယောက်သည် စကားလုံးများဖြင့်ဖော်ပြလို့မရလောက်အောင်လှပလွန်းသောအမျိုးသား၏အလှအောက်တွင် မျောပါသွားကြပြီး ထိုသူ့ဆီမှအာရုံစိုက်မှုကိုလိုချင်နေကြသည်။
ဒီကောင်မလေးတွေကဘယ်လိုတွေတုန်း! ပိုင်မင် ထိုသို့တွေးလိုက်မိပြီး ရှုရင်ကိုလှမ်းအကူအညီတောင်းတော့မည်အပြု နွေးထွေးသည့်လက်တစ်ဖက်က သူ့ကိုယ်ကိုဆွဲယူလိုက်ပေသည်။ "ညီမလေးတွေရဲ့အပြုအမူကိုစိတ်မရှိပါနဲ့။သူတို့တွေက ကောင်လေးချောချောလေးတွေကိုမြင်ရင်ဒီလိုပဲဖြစ်တတ်တယ်။"
"ကျစ်,အစ်ကိုကြီး,အစ်ကိုကြီးလည်းမရိုးသားဘူးနော်။လုကောကို ညီမတို့ဆီကနေခေါ်ထုတ်သွားပြီး တစ်ယောက်တည်းအပိုင်သိမ်းချင်နေတာလား ဟမ်?"
ပိုင်မင် ယိုင်တိုင်တိုင်ပင်ဖြစ်သွားရသည်။ လုကော? သူ့ထံတွင် မောင်နှမရင်းချာတစ်ယောက်မှမရှိခဲ့ဖူးပေမဲ့ ဒီအခိုက်အတန့်မှာ သူ့အင်္ကျီကိုဆွဲထားသည့်ကောင်မလေးတွေကိုကြည့်ရင်း သူအနည်းငယ်ပြုံးမိသွားသည်။
"ဟေ့!သူ ပြုံးလိုက်တယ်။အလှလေးကပြုံးလိုက်တယ်ဟ!"
ကောင်မလေး'လေးယောက်စလုံး ရယ်မောသွားကြကာ ပိုင်မင့်ကို'လုကော'ဆိုပြီးထပ်ခါထပ်ခါခေါ်နေကြသည်။သူမြင်နေရသောဝေဝါးဝါးပုံရိပ်တွေအရ ထိုကောင်မလေးများ၏မျက်နှာထက်တွင် ရှက်ရွံ့နေပုံလည်းမပေါ်ချေ။
ŞİMDİ OKUDUĞUN
A Lotus Born Of Mud (Completed)
Fantastik"လုရှစ်စွင်း...ကျွန်တော်ရှစ်စွင်းကိုသဘောကျတယ်" "ငါလည်းမင်းကိုသဘောကျပါတယ်,ရှောင်ရင်" "ကျွန်တော်ပြောလိုက်တဲ့ *သဘောကျတယ်* ဆိုတာက အိပ်ရာထဲမှာတစ်နေ့လုံးတစ်ညလုံးလူးလှိမ့်ချင်တဲ့သဘောကျမှုမျိုးပါ ရှစ်စွင်း" *ဆန့်ကျင်ဘက်အရပ်သို့ ကမန်းကတန်းထွက်ပြေးသွား ...