Part-1

209 13 3
                                    

Unicode

🤍လေလှိုင်းပေါ်က ချစ်သူ🤍

Part-1

တောင်...

Mew လိုင်းသုံးနေရင်း messagerက
စာဝင်တာကြောင့်ဘယ်သူလည်းဆိုပြီး
ကြည့်မိလိုက်ပါတော့တယ်။

" ခွေးမသား မင်းမနက်ဖြန်ငါနဲ့ကျောင်းမှာတွေ့ကြည့် အမှုန့်ကြိတ်ပစ်မယ် "

ဟင်....အဆဲနဲ့စတွေ့လိုက်တာကြောင့်
Mew မျက်လုံးပြူးသွားရလေသည်။ငါ့ကိုဘာကြောင့်အသားလွတ်ကြီး လာဆဲတာလည်းဆိုပြီးတော့ပေါ့ Mewလည်း ချက်ချင်းစာပြန်လိုက်ပါတော့တယ်။

" ဟိတ် မင်းလူမှားနေတယ် "

တောင်...

" ဘောကို လူမှားရမှာလား "

" ငါ တကယ်ပြောနေတာ မင်းပြောနေတဲ့ လူဟုတ်မဟုတ် သေချာကြည့်ဦး "

" ဟေ့ရောင် No မင်းအကောင့်အတုဆိုတာ ငါသိတယ် xီးမို့ မှားစရာလား "

" ငါက No မဟုတ်ဘူး သေချာတယ် မင်းလူမှားနေတာ စကားပြောတာယဥ်ကျေးလေကွာ "

တစ်ဖက်မှာတော့.....

မနက်ကကျောင်းမှာ သူ့ကိုကောင်မ
လေးတစ်ယောက်နဲ့အောင်သွယ်လုပ်ပေးလို့Noကိုစိတ်ဆိုးပြီး Facebook ကနေလှမ်းဆဲနေခြင်းပေါ့ ဒါပေမဲ့ တစ်ဖက်လူကမှားနေပါတယ်ပြောကာမှ Gulf လည်း အကောင့်နာမည်ကိုတစ်ချက်ပြန်ကြည့်မိလိုက်တော့သည်။

" ချီး....သေစမ်း ငါသောက်တလွဲလုပ်မိပြီ"

Gulfအပြင်မှာအသံထွက်ပြီး ရေရွတ်လိုက်မိပါတော့သည်။

" ဟာ..ဗျာ...ဆောရီးပဲ ကျွန်တော် လူမှားသွားတာ အဟဲ "

Gulf အကောင့်နာမည်က Lucky Boyလို့ပေးထားတာ တစ်ဖက်ကနာမည်ကဘာတဲ့ အခုသေချာကြည့်မိတယ် Sunshineတဲ့လား Gulf Kanawut တို့များ လွဲတာမှကန်းကုန်ပဲကွာဆိုပြီးကိုယ့်ကိုကိုယ်ဒေါသထွက်နေပါတော့သည်။

" ရပါတယ် ရုတ်တရက်ငါက အဆဲခံလိုက်ရတော့ တော်တော်တော့လန့်သွား
တယ် "

" အဟားးးး ဆောရီးပါ "

" ရှိစေတော့ ရေစက်ရှိလို့်ပေါ့ကွာ ဒါနဲ့ငါတို့ခင်လို့ရတယ်မလား "

🤍လေလှိုင်းပေါ်က ချစ်သူ🤍Unicode/Zawgyi (Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ