Unicode
🤍လေလှိုင်းပေါ်က ချစ်သူ🤍
Part-15(ဇာတ်သိမ်း)
၃လခန့်ကြာသော်
ကလေးမွေးပြီးပြီးချင်း ချက်ချင်းလည်းအိမ်ကိုမခေါ်သေးပဲ နိုရာ့ဆီမှာ မိခင်နို့ရည်ဝင်အောင်ဆိုပြီး ၃လလောက်နေရန်မာမီတို့ပြောဆိုတာရော
နိုရာတို့ဘက်ကိုတွေးပေးလိုက်တာကတစ်ကြောင်း ဒီနေ့လေးမှာတော့ အမြွှာလေးနှစ်ယောက်ရောက်ရှိလာခဲ့ပြီပေါ့..." နိုရာ့ကို သိပ်ကိုကျေးဇူးတင်တာပဲ အချိန်မရွေးဒီအိမ်ကို ဝင်ပါထွက်ပါနော်"
" ဟုတ် နိုရာ့ကြောင့်စိတ်အနှောင့်အယှက်ဖြစ်မှာပဲစိုးတာ သားနဲ့သမီးက အနေအေးတယ် ပြီးတော့သူ့ငြင်လေးတွေကောင်းတယ် အစ်ကိုရယ် ညဘက်တွေပန်ဒြာတို့လုံးဝအိပ်ရေးမပျက်ဘူး "
နိုရာ့ကိုGulfကြည့်မိတော့ မျက်နှာလေး
ငယ်နေတာကိုတွေ့လိုက်ရပါတယ် ဘယ်လိုပဲဖြစ်ဖြစ် ကိုးလလွယ် ဆယ်လဖွားထားတဲ့ ကိုယ်တိုင်မွေးထုတ်ထားတော့ပိုပြီးသံယောဇဥ်တွယ်နေတာကို Gulfနားလည်မိပါတော့တယ်။" ပန်ဒြာတို့သာ အစ်ကိုတို့ကို အားမနာနေပဲ အမြွှာတို့ကိုတွေ့ချင်တာနဲ့ ပြေးသာလာခဲ့နော် "
မျက်နှာလေးငယ်စွာ ပန်ဒြာပြန်ခေါ်သွားတဲ့နောက်ကို နိုရာတစ်ယောက်ပါသွားပေမဲ့မျက်လုံးအာရုံကတော့ အမြွှာနှစ်ယောက်ဆီမှာသာပေါ့...
" Mew ငါလေ နိုရာ့ကိုအရမ်းအားနာတာပဲ အမြွှာနှစ်ယောက်ကို ချစ်ရှာသား "
" သူကိုယ်တိုင်လွယ်ထားရတော့လည်း ကဲပါ ကျန်တာတွေမတွေးနဲ့တော့ ခဏ
နေရင် မာမီတို့လာကြလိမ့်မယ် အရင်ဆုံးကလေးတွေကို အခန်းထဲအရင်သွားပို့လိုက်မယ် "" အွန်း "
Mewတို့ ကလေးအမြွှာကိုတစ်ယောက်စီချီလိုက်ပြီး အိပ်ခန်းဆီသို့တက်လာလိုက်ပါတော့သည်။
တစ်ဖက်မှာတော့...
" နိုရာရယ် မငိုနဲ့တော့ တိတ်ပါကွာ ကိုယ်တို့နောက်ပြန်လှည့်လို့မရတော့ဘူးမလားဆုံးဖြတ်ထားကြပြီးသားလေ "