Umicode
🤍လေလှိုင်းပေါ်က ချစ်သူ🤍
Part-3
Gulf ညက Sunနဲ့ချစ်သူတွေဖြစ်သွကြပြီးတစ်ယောက်ကိုတစ်ယောက်ချစ်နေကြတဲ့အဖြစ်ကိုတွေးပြီးရယ်ချင်လာမိ
တော့သည်။တစ်ဖက်မှာလည်း...
Mew ဒီနေ့ကျောင်းလာရတာတက်ကြွနေသလိုခံစားနေရတယ် ရင်ဘတ်ထဲကခံစားချက်တွေကိုဖွင့်ထုတ်လိုက်တာကြောင့်ဖြစ်မယ်ဆိုပြီး ပျော်နေမိတော့တယ်။
" ဟာ...Gulf မင်းတစ်ယောက်ထဲလား "
ကျောင်းထဲဝင်လိုက်တာနဲ့ကားပါကင်တစ်နေရာမှာGulfနဲ့ဆုံမိတော့Mewကအရင်ဆုံးနှုတ်ဆက်လိုက်လေသည်။
" အေး တစ်ယောက်ထဲပဲ ဒါနဲ့မင်းကန်တင်းလိုက်ခဲ့လေ မနေ့ကအကြွေးရှိသေးတယ်"
" မလိုပါဘူးကွာ ကျေးဇူးတင်ခံချင်လို့မင်းကိုငါ ကူညီခဲ့တာမှမဟုတ်တာ "
" မရဘူးကွာ ငါတို့စစ်ပြေငြိမ်းတဲ့အနေနဲ့ဆိုရင်ကော ငါရန်တွေဖြစ်ရတာ မောလာပြီကွ "
" အေး ငါလည်း မင်းအတိုင်းပါပဲ ဒါဆိုလဲ ငါတု့ိ ကန်တင်းသွားကြတာပေါ့ကွာ "
Mewတို့နှစ်ယောက်သား ကန်တင်းဘက်ကိုထွက်လာကြတော့တယ် သူတို့ကိုNoကမြင်တော့ အနားသို့ရောက်လာပြီးတော်ကီပွားပါတော့လေသတည်း။
" ဟာ...မင်းတို့တွေ မကြီးမငယ်နဲ့ရန်ဖြစ်ကြပြန်ပြီလား "
" ဟာ...No မင်းဘာတွေလာပြောနေတာလဲ ငါတို့နှစ်ယောက်ရန်မဖြစ်ပါဘူးကွ "
" ဟုတ်တယ် No ငါတို့ရန်မဖြစ်ဘူး "
Mewတို့အသီးသီး ငြင်းလိုက်ကြပေမဲ့Noကတော့မယုံပဲဆက်ပြောနေပါတော့တယ်။
" ဘာတွေလာလိမ်နေတာလဲ မင်းတို့ရဲ့မျက်နှာကိုကြည့်ရုံနဲ့သိတယ်ကွ စောက်ရူးမဟုတ်ဘူး လာမလှိမ့်နဲ့ "
" ဘောပဲဟေ့ရောင် လာ ငါရှင်းပြမယ် "
ဝိုင်းလွတ်တဲ့ခုံမှာထိုင်လိုက်ကြပြီးနောက်Gulf မနေ့ညကအဖြစ်အပျက်တို့ကိုရှင်းပြလိုက်တော့သည်။
" အော်...အဲ့ဒါကြောင့်လား ငါကမင်းတို့တွေရန်ဖြစ်တယ်ပဲ မှတ်နေတာ "