Unicode
🤍လေလှိုင်းပေါ်က ချစ်သူ🤍
Part-8
Gulf အိမ်အောက်ထပ်ကိုရောက်တော့အမျိုးသမီးတစ်ဦးရောက်နေတာကိုတွေ့လိုက်ရလေသည်။
" ဒီက ဘာကိစ္စရှိလို့လဲဗျ "
Gulf သေချာအကဲခတ်လိုက်တော့ခေတ်ဆန်ပြီး တော်တော်လေးလှတဲ့အမျိုးသမီးတစ်ဦးဖြစ်နေပါတော့တယ်။
" တို့နာမည်က ဝတီလို့ခေါ်တယ် Mew
ရဲ့ချစ်သူပေါ့ အရမ်းတော့မလန့်သွားပါနဲ့တို့ကတစ်ချိန်ကရည်းစားဟောင်းဆိုပါတော့"(Part1မှာ Mewအသည်းကွဲတယ်ဆိုတာပါပါတယ် ဒါဒါတို့ရေ သာသာ့ကိုမေးမယ်ဆိုတာကြိုသိလို့ပြောပြတာ😁😁)
" တစ်ချိန်ကရည်းစားဟောင်းက အခုဘာလို့ကျွန်တော့်အိမ်ကိုရောက်လာတာလဲ "
" အမှန်အတိုင်းပြောရရင် မင်းဆီက
Mewကိုပြန်လာတောင်းတာ "" ဘာ !!! "
Mewက ဟင်းရွက်ကန်စွန်းလည်းမဟုတ်ဘူးလေ ဒီမိန်းမဘာတွေလာပြောနေတာလဲဆိုပြီး Gulf အ့ံဩနေမိတယ်။
" တို့ကိုMewကသိပ်ချစ်သလို တို့ကလည်းMewကိုသိပ်ချစ်လို့ သူ့ဆီပြန်လာခဲ့တာ "
"ခင်ဗျား အရှက်မရှိဘူးလား ကျွန်တော်
က Mewရဲ့အမျိုးသားအိမ်ထောင်ဖက်ဗျ ဒါကိုခင်ဗျားသိရဲ့လား "" သိတယ် တို့သိတယ် မင်းနဲ့အဆင်မပြေတာကိုလည်း တို့သိနေတယ် အဆင်မပြေတဲ့အိမ်ထောင်ရေးကို ဘာလို့ဖက်တွယ်ထားမှာလဲနောက်ပြီးတို့က အိမ်ထောင်ရေးသုခကိုပိုပြီး ပေးစွမ်း
နိုင်တယ်လေ "" ခင်ဗျားတို့မိန်းမတွေထက် ပေးစွမ်း
နိုင်လို့ Mewက ကျုပ်ကိုယူတာဗျ ကောင်းလားမကောင်းလားဆိုတာတော့ Mewကိုခင်ဗျားကိုယ်တိုင်ပဲမေးကြည့်ပါလား "" ဘာရှင့် တော်တော်ရိုင်းတာပဲ "
" ဒါရိုင်းတယ်လို့ မခေါ်ဘူး ကိုယ့်အိမ်ထဲကိုရောက်လာပြီး ကိုယ့်ယောင်္ကျားကိုပေါ်တင်လာတောင်းနေတာကို ဘယ်သူကငုံ့ခံနေမှာလဲပြောလေ ပြောစမ်း "