Unicode
🤍လေလှိုင်းပေါ်က ချစ်သူ🤍
Part-5
ဒိီလိုနဲ့ပဲကျွန်တော်တို့နှစ်ယောက်ရဲ့လက်ထပ်ပွဲလေးက ရင်းနှီးကျွမ်းဝင်တဲ့သူတွေသာသိတဲ့ပွဲလေးဖြစ်ခဲ့ပါတော့တယ်။
" Gulf မင်းတို့အိုပြီကွာ ဟားးးးး "
" No စကားပြောတာလည်းကြည့်ပြောဦး မင်းအဖေက မျက်နှာသုန်မှုန်နေတာ "
Champသတိပေးတော့မှ Gulfရဲ့မျက်နှာကိုကြည့်မိလိုက်ပါတော့သည်။
" Gulf မင်း ဘာဖြစ်နေတာလဲ ဒီနေ့ကမင်းရဲ့ မင်္ဂလာရှိတဲ့နေ့ရက်လေကွာ "
" ငါစိတ်ထဲမှာ ပျော်တစ်ဝက်မပျော်တစ်ဝက်နဲ့ဖြစ်နေမိတယ် ငါ...ငါလေ "
" Mew မင်းအပေါ်အနိုင်ကျင့်သလိုဖြစ်သွားပေမဲ့ အခုကြည့်ရသလောက်တော့မင်းကိုသူချစ်ရှာပါတယ်ကွာ "
" ဟုတ်တယ် Gulf မင်းသွေးပူနေတုန်းမို့ဒီလိုမျိုး စိတ်တွေရှုပ်ထွေးနေတာဆိုရင် အချိန်နည်းနည်းလေးပေးလိုက်ပါ တစ်နေ့တော့ Mewအပေါ်အမြင်ကြည်လာမယ်ထင်ပါတယ်ကွာ "
အမြင်ကြည်ဖို့ထက် ဒီကောင်နဲ့အတူတူတစ်အိမ်ထဲမှာ ဘယ်လိုဖြတ်သန်းရမလဲဆိုပြီး တွေးပူနေမိပါတော့တယ်။
" အခုတော့ ငါ့စိတ်ထဲမှာ သူ့ကိုဒေါသထွက်နေမိတာပဲသိတယ် လောလော
ဆယ် Mewကိုအရွဲ့တိုက်နေမိမှာ မင်းတို့ငါ့ကိုလတ်တလော ရွှေပြည်အေးတရားတွေလာမချနဲ့ကွာ "" ဟားးးးး ဟုတ်ပါပြီကွာ ငါတို့ကဘုန်းကြီးမဟုတ်တော့ မင်းကိုတရားတော့မချဘူး မင်းကို သာသနာ့ဘောင်ကိုပဲသွတ်သွင်းပေးလိုက်မယ်ကွာ "
" ခွေးကောင် No ဟားးးးးးးး "
Noပြောလိုက်တဲ့စကားကြောင့်Gulfတို့တွေစိတ်လွတ်ကိုယ်လွတ် ရယ်လိုက်မိကြပါတော့တယ်။
" မျက်လုံးတွေလည်း ကျွတ်ကျတော့မှာပဲဖြည်းဖြည်းကြည့် ဟေ့ရောင် နောက်လဲ အိမ်မှာတွေ့ရတော့မှာ "
Gulf သူငယ်ချင်းတွေနဲ့အားရပါးရရယ်နေတာကို Mew မျက်တောင်မခတ်
ကြည့်နေမိပါတော့တယ် အရယ်အပြုံးတွေပျောက်ဆုံးနေတဲ့ Gulf အခုတော့သူမဟုတ်တော့သလို ပါးချိုင့်လေးတွေပေါ်သွားအောင်ရယ်နေတာကို တစ်စိုက်မတ်မတ်ကြည့်နေချိန် ဘေးနားက Lhongပြောတော့မှMewကြည့်နေတာကို ရပ်လိုက်ကာ စကားလှည့်ပြောလိုက်ပါတော့သည်။