Part-12🔞🔞

315 22 16
                                    

Unicode

🤍လေလှိုင်းပေါ်က ချစ်သူ🤍

Part-12


" Kana သမီးကိုခေါ်ပြီးအပေါ်တက်တော့ ကိုယ် အနောက်ကလိုက်လာခဲ့မယ် "


" အင်း အမြန်လာနော် "


Gulfတို့ဆေးရုံကပြန်လာတော့ Mew
ကသူတို့ကိုအပေါ်အရင်တက်ခိုင်းတော့ကလေးကိုချီကာ အပေါ်ကိုသတိထားထိန်းတက်လိုက်ပါတော့သည်။


" သားတို့ပြန်လာပြီလား "


" ဟုတ်ပြန်လာပြီ သမီးစားဖို့ဘာရှိလဲ "


" ကြက်ဥပူတင်းလေးတော့လုပ်ထား
တယ်ကွဲ့ ကြီးနု ပြင်လိုက်ရမလား "


" ဟုတ် ပြင်ပေးပါ ကြီးနုတို့နဲ့ညလောက်မှမိတ်ဆက်ပေးမယ် သမီးက
အခုအိပ်နေတယ် "


Mewလည်း ကြီးနုနဲ့စကားပြောပြီးနောက်မိဘတွေဆီကို ဖုန်းဆက်ရန်ဧည့်ခန်းဆီသို့ထွက်လာလိုက်ပါတော့သည်။

" ဟဲလို မာမီ သားပါ "


" မဆက်တာကြာလို့ မာမီသတိရနေတာသားရေ အော်ဒါနဲ့ သားနေလို့ကောင်းလား မာမီတောင် အခုနွယ်တို့အိမ်ရောက်နေတာ"


" အော်..မာမီ ဒါဆိုအတော်ပဲ ကျွန်တော့်တို့ဆီကို မာမီတို့တွေလာခဲ့ကြ မိတ်ဆက်ပေးစရာလူရှိတယ် ပြီးတော့ ၃နှစ်သမီးအရွယ်မိန်းကလေးအင်္ကျီလှလှ
လေးတွေ အထည်၃၀လောက် မာမီဝယ်ခဲ့ပေးပါလားဗျာ ကလေးအတွက် လိုတာအကုန်သာဝယ်ခဲ့ဗျာ အမြန်လာနော် မာမီ ဒါပဲ "

" ဟော..သား...သား "


သားဖြစ်သူပြောတဲ့စကားတွေကိုမနည်းလိုက်မှီအောင်နားထောင်နေရလေတယ်ဒါတောင်မောင်မင်းကြီးသားကဖုန်းတောင်ချသွားတော့ ကလျာ
တစ်ယောက်ပါးစပ်အဟောင်းသားနဲ့ကျန်ခဲ့ပါတော့တယ်။

" ကလျာ ဘာဖြစ်လို့လဲ "


" သားတော်မောင်လေး နွယ်ရေ ဘာတွေပြောသွားမှန်းကိုမသိတာ "

🤍လေလှိုင်းပေါ်က ချစ်သူ🤍Unicode/Zawgyi (Complete)Where stories live. Discover now