Unicode
🤍လေလှိုင်းပေါ်က ချစ်သူ🤍
Part-7
အိမ်မက်ထဲက အကြောင်းအရာတွေကို
ပြန်စဥ်းစားနေခိုက် Gulfရဲ့ဖုန်းဝင်လာပါတော့သည်။" ဟဲလို "
" .... "
" ဘာ !!! "
အဝတ်အစားတောင် မလဲနိုင်ပဲဆေးရုံသို့အမြန်ဆုံးရောက်အောင် Gulf မောင်းနေပါတော့သည်။
" Mew...Mew...ငါ...ငါ... "
ဆေးရုံကိုဘယ်လိုရောက်သွားတယ်
ကိုယ့်ကိုကိုယ်လည်းမသိဖြစ်နေမိတော့တယ်။" Gulf မင်းရောက်လာပြီလား "
Mewအခန်းရှေ့မှာပဲမာမီတို့ရော
Lhongကိုရောတွေ့လိုက်ရလေတယ် မျက်နှာတွေကလည်းမကောင်းကြတာမို့ Gulfရင်ပူလာရပါတော့သည်။" Mewသတိရပြီဆို ဘာလဲ မင်းတို့မျက်နှာတွေက ဘာတွေလည်းကွာ ဆရာဝန်ကြီးတွေရော ဘာတွေပြောသေးလဲLhong ငါမေးနေတယ်လေကွာ "
Lhongမပြောပြချင်ပေမဲ့ လူနာရှင်က
Gulfကိုယ်တိုင်ဖြစ်နေတာမို့ မပြောချင်လည်းအားတင်းပြောပေရတော့မည်။" Gulf မင်းစိတ်ခိုင်ခိုင်ထားမှရမယ် Mewသတိရလာတာမှန်တယ် ဒါပေမဲ့..... "
" ဒါပေမဲ့ ဘာဖြစ်လဲ မြန်မြန်ပြောကွာ ဒီမှာရင်ပူနေပြီကွ "
" Mewက သာမန်လူကောင်းတစ်ယောက်ပုံမဟုတ်သေးဘူး Gulf "
" ဘယ်လို....ဘာ!!! "
" အခုသူက ငါတို့ထားရာနေ စေရာသွားဆိုတဲ့ပုံမျိုးဖြစ်နေတယ် Gulf သူငါတို့ပြောသမျှကို ဘာမှမတုံ့ပြန်နိုင်ဘူး စကားလည်းမပြောနိုင်သလို ဘယ်သူ့ကိုမှလည်းသိမှာမဟုတ်ဘူး ဆရာဝန်ကြီးတွေကတော့လူနာ အက်စီးဒင့်မဖြစ်ခင် စိတ်အခြေအနေကြောင့် ဖြစ်နေတာတဲ့ ပြန်ကောင်းဖို့ဆိုတာ အချိန်ပေးရမယ်ပြောတယ် "
" ဟင် !!! "
ငါ...ငါမျှော်လင့်ထားတဲ့အရာမဟုတ်ပေမဲ့ မင်းငါ့ဆီကို အသက်ရှင်လျှက်ပြန်ရောက်လာတာကိုပဲ ငါကျေးဇူးတင်ရမလား ငါ့ကိုမမှတ်မိတာကိုပဲ စိတ်ဆိုးရမလားဆိုတာမသိတော့ဘူး။
"သား မာမီတစ်ခုလောက်ပြောချင်တယ်"
" ........ "