''မင်းနှလုံးသားကို ''
''........''
''ဘာလို့ငြိမ်နေတာလဲ ဖြေအုံးလေ ''
''ဘာကိုဖြေရမှာလဲ''
''ကိုယ့်ကိုချစ်လားမချစ်ဘူးလားဆိုတာ''
''မ..မချစ်ပါဘူး ''
''ဘာလို့လဲ မရဘူးကွာ အခုချက်ချင်းအဖြေပေး''
''ဟာ...မင်းဘာဖြစ်ချင်နေတာလဲ''
''မင်းကောင်လေး ''
''နောက်နောက်စရာမဟုဘူးနော် haruto watanabe''
''ကဲ ကြည့်ခေါ်ပြန်ပီလား ထပ်အနမ်းခံချင်နေပီထင်တယ်''
''ကျစ်.....နောက်ခါအဲ့လိုမခေါ်တော့ဘူးကွာ ရပီလား''
''အင်း အဲ့ဒါဆို rutoလို့အခုခေါ် ''
''....''
''ဘာလဲမခေါ်ဘူးလား အဲ့တာဆို နမ်း..''
ဂျောင်းဝူ harutoနမ်း မှာကြောက်ပီး စကားဆုံးကောင်တောင်နားမထောင်တော့ဘဲ စိတ်မရှည်စွာနဲ့ ''ခေါ်မယ် ခေါ်မယ်'' လို့သာပြောလိုက်ရတယ်
''အဲ့ဒါဆိုအခုခေါ် ''
''ruto''
''ဗျာ..''
haruto ဗျာလို့ပြန်ထူးလိုက်တာကြောင့် ဂျောင်းဝူ တယောက်သူ့ကိုသူတောင်မသိလိုက်ခင်မှာပဲအလိုလိုပြုံးမိသွားတယ် နောက်မှသတိပြန်ဝင်လာပြီး ရုပ်ကိုအမြန်ပြန်တည်လိုက်ရတယ်''ခေါ်ပီးပီလေ ပြန်တော့''
နှုတ်ခမ်းလေးထော်ပြီး စိတ်ဆိုးကာ ပြောနေသူကို harutoဆိုတဲ့ playboy လေးက အချစ်တွေပိုလိုနေတာပေါ့
''အော် ပြန်မှာပါဗျာ မပြန်ခင်တခုလောက်ပြောအုံးမယ်''
''ဘာလဲ''
''အရမ်းချစ်တယ် နော်''
လူကိုပြောချင်တာပြောပြီး တချိုးတည်းပြေးသွားတဲ့ ငရှုပ်ကောင်ကိုအနောက်မှ ကြောင်တောင်တောင်နဲ့ ကြည့်ပြီးငူတူတူကျန်ခဲ့တာကတော့ ပတ်ဂျောင်းဝူ ပါ
အားးးးဒီငရှုပ်ကောင်ကတော့ ဘာတွေပြောသွားတာလဲ လူကိုရင်ခုန်အောင်
***
ဂျောင်းဝူ တယောက်ထိုညက အိပ်မပျော်ခဲ့ နေ့ခင်ကလူကြီးကြောင့် ဟိုတွေးဒီတွေးနဲ့သာစဥ်းစားခန်းဝင်နေလေရဲ့---------------
ကလင်..ကလင်
''တောက် ဟာကွာ မနက်သောစောစီးစီး ဘယ်ကောင်ဖုန်းဆက်တာလဲကွာ ''''ဟယ်လို!!!! ''
''အမလေးလန့်တာကွာ ချီးပဲ''
''junkyuရာ မနက်စောစောစီးစီးကွာ ဘာကိစ္စလဲ! ''
''မင်းခုထိမထသေးဘူးလားဟမ် ညကဘယ်နှနာရီမှအိပ်လဲ''
''ညက နဲနဲအတွေးလွန်သွားလို့ အိပ်တာနောက်ကျတာ''
''ဆက်အိပ်မနေနဲ့တော့ ထထမြန်မြန်''
''ခဏလေးပါကွာ ၅မိနစ်ပဲ''
''ဘာ၅မိနစ်လဲ နာရီ ကြည့်အုန်း ၁၀နါရီ ထိုးတော့မယ်''
''ဘာ!!!! ''
''ဖြည်းဖြည်းအော်ပါဟ''
''ခွေးကောင်စောစောကပြောပါလားဟ ကျောင်းနောက်ကျတော့မှာပဲ''
''ရေမြန်မြန်ချိုးပီးလာခဲ့ ကျောင်းရှေ့မှာစောင့်နေမယ် ဒါပဲ ''
အားး..ကျောင်းနောက်ကျပီအဲ့တာ ဟိုလူကြီးကြောင့် ဟွန့်
:::::::::
''ဂျောင်းဝူရေ ဒီနေ့တော့ မင်းတယောက်ထဲကန်တင်းသွားလိုက်တော့နော်''''ဘာလို့လဲ ''
''ဟဲဟဲ ငါဒီနေ့ ငါ့ကလေးလေးနဲ့ချိန်းထားလို့''
''အေး မင်းတို့သောက်အတွဲတွေကလေ တနေ့လေးမတွေရမနေနိုင်ဘူးလားမသိဘူး အမြင်တွေလဲကပ်လာပြီ''
''ဒါကတော့ချစ်တာကို''
''အားးးမကြေားချင်ဘူးသွားတော့ junkyuမင်းကိုငါမမြင်ချင်တော့ဘူး''
''ဟဲ သွားပြီး ငါ့ကောင်ရေ''
ဟွန့် တော်တော်အမြင်ကပ်ဖို့ကောင်းတဲ့အတွဲတွေ ပိုကိုပိုတယ် ကြည့်နေ ငါရည်းစားရလို့ကတော့၁မိနစ်၁ခါ ဖုန်းဆက်ပြီးကိုroပြမယ်
နှုတ်ခမ်းလေးဆူကာ ပွစိပွစိ ပြောနေတဲ့သူကိုနောက်ကနေ ကြည့်ပီး
harutoတယောက် အသဲယားနေလေရဲ့အဲ့ဆူနေတဲ့နှုတ်ခမ်းလေးက ငါ့အပိုင်ဖြစ်လာတော့မှာပါ အဟက်
မကောင်းမကန်း ficလေးကို ဝေဖန်ပေးပါအုန်းညော်
YOU ARE READING
စွာတေးလေးနှင့် ကျတော် (Hajeongwoo) 🦋🐺(Complete)
Fanfiction''harutoဘာလုပ်တာလဲဘာလို့တံခါးလော့ချလိုက်တာလဲ'' ''အဖြေတောင်းမလို့ အဖြေပေး'' ''အဖြေကို အခန်းပိတ်ပြီးတောင်းရတယ်လို့ ဘယ်သူသင်ပေးထားတာလဲဟမ်..တခါမှမကြားဖူးဘူး'' ''အခုကြားဖူးပြီမလား ပေးတော့''