27🖤 end

403 21 3
                                    

မဂ်လာခန်းမထဲjeongwooဝင်ရောက်လာပြီဆိုတာနဲ့သီချင်းသံဇဥ်လေးတွေစတင်ပျံလွင့်လာတယ် ဂျောင်ဝူးမှာဝမ်းသာတာရောစိတ်လှုပ်ရှားတာရော၂ခုပေါင်းပြီးမျက်ရည်လေးဝဲပြီးနေရာမှာတင်ထိုင်ငိုပစ်ချင်ပေမယ့် ငိုလို့မရသေးဘူးလေမဂ်လာဆောင်ရအုန်းမယ်

စင်ပေါ်မှာတော့ဟာရူတိုကဂျောင်ဝူးခန်းမထဲဝင်လာတဲ့ဝင်လာတာကို
မျက်တောင်မခတ်ပြုံးပြံးကြီးကြည့်နေပြီး ဂျောင်ဝူးစင်နားရောက်တော့သူ့လက်ကိုကမ်းပေးလိုက်တယ်: ရူတိုကမ်းပေးတဲ့လက်ကိုကိုင်ကာစင်ပေါ်တက်လာပြီး ရူတိုနဲ့မျက်နှာချင်းဆိုင်းပြီးမတ်တပ်ရပ်လိုက်တယ်..;သဘာပတိကြီးကအလယ်မှကောင်လေး၂ယောက်ကိုကြည့်ပြီးပြုံးပြုံးကြီးစကားစလာတယ်
သဘာပတိကဘယ်သူမှမဟုတ်ပါဘူးဂျောင်ဝူးရဲ့အဖေမတူအမေကွဲ
အကိုကြီးYoon Jaehyukပါပဲ>

'' အဟမ်း..အဟမ်း ''

''သတိုးသားဟာရူတိုသည် သတိုးသားပတ်ဂျောင်ဝူးကို တစ်သတ်လုံးသေအတူရှင်မကွာအသက်ထက်ကာကွယ်စောင့်ရှောက်ပြီးသစ္စာရှိရှိချစ်သွားပါ့မယ်လို့ကတိသစ္စာပြုနိုင်ပါသလား ''

''ဟုတ်ကဲ့ ကတိပြုပါတယ်ဗျ ''

''သတိုးသားပတ်ဂျောင်ဝူးသည် သတိုးသားဟာရူတိုကို တစ်သတ်လုံးသေအတူရှင်မကွာအသက်ထက်ကာကွယ်စောင့်ရှောက်ပြီးသစ္စာရှိရှိချစ်သွားပါမယ်လို့ ကတိသစ္စာပြုနိုင်ပါသလား ''

''ဟုတ်ကဲ့ ကတိပြုပါတယ် ''

''ဒါဆိုမဂ်လာလက်စွပ်လဲဝတ်နိုင်ပါပြီ ''

asahiကလက်စွပ်ဖူးကိုယူလာပြီး ဟာရူတိုနဲ့ဂျောင်ဝးဆီ
တစ်ကွင်းဆီပေးလိုက်တယ်

ဟာရူတိုကဂျောင်ဝူးလက်ကိုကိုင်လိုက်ပြီးလက်ခုံလေးကိုဖွဖွလေးအနမ်းတစ်ခုခြွေပြီးနောက် HJWဆိုပြီးစာထွင်းထားတဲ့လက်စွပ်လေးကိုလက်သူကြွယ်မှာဝတ်ပေးလိုက်တယ်..ဂျောင်ဝူးကလဲထိုနည်းတူ
HJWဆိုတဲ့ဆင်တူလက်စွပ်လေးကိုရူတိုလက်သူကြွယ်မှာဝတ်ပေးလိုက်တယ် လက်စွက်ချင်းလဲဝတ်ပြီးနောက်သဘာပတိမှပြောလိုက်သည်

''လက်ထပ်တာအထမြောက်ကြောင်း အနမ်းပေးလို့ရပါပြီ ''
ဟာရူတိုကဂျောင်ဝူးလည်ပင်းကိုကိုင်လိုက်ကာနှုတ်ခမ်းပါးလေးကို
နူးနူးညံညံ့လေးနမ်းလိုက်တယ်..ဂျောင်ဝူးလဲမျက်လုံးလေးမှိတ်လိုင်ပြီးရူတိုအနမ်းကိုကျေကျေနပ်နပ်ကြီးခံယူလိုက်တယ်
သတိုးသား၂ယောက်အနမ်းပေးလိုက်တယ်ဆိုတာနဲ့ဘေးတစ်ဖက်တစ်ချက်စီမှ ကင်ဂျွန်ဂယူနဲ့မာရှိဟိုကပန်းတွေကိုကြဲချလိုက်ကာ ခန်းမထဲမှာလဲလက်ခုပ်သံများဆူညံပျံ့လွင့်သွားတယ်
စင်အောက်မှာတော့ ဟာရူတိုနဲ့ဂျောင်ဝူးမေမေတို့ကတော့ ဝမ်းသာမျက်ရည်တွေကျပြီး သူတို့ရဲ့သားတွေကိုစိတ်ချသွားပါပြီဆိုတဲ့အပြုံးလှလှလေးတွေနဲ့ ပိတိဖြစ်ပြီးကြည့်နေကြတယ်

စွာတေးလေးနှင့် ကျတော် (Hajeongwoo) 🦋🐺(Complete) Where stories live. Discover now