4🖤

327 31 0
                                    

''ဂျောင်းဝူရား တစ်ယောက်ထဲ ပွစိပွစိနဲ့ အဘိုးကြီးပေါက်စလို ဘာတွေပြောနေတာလဲ''

''ဘာမှမပြောပါဘူး''

''ဘာလဲ jungkyuတို့အတွဲကို အားကျနေတာလား''

''အားမကျပါဘူး ဘာလို့အားကျရမှာလဲ''

''ဟုတ်လို့လား ကောင်လေးတယောက်တော့သူများအတွဲကိုကြည့်ပြီးအားကျနေပါတယ်''

''အားမကျဘူးဆိုကွား ဘာဖြစ်နေတာလဲ ''

နှုတ်ခမ်းလေးထော်ကာ ရန်လုပ်နေတဲ့ကောင်လေးကို rutoမှာ အချစ်တွေပိုပါပီ
ဂျောင်းဝူရဲ့ ဆံပင်လေးတွေကိုharutoလက်နဲ့ထိုးဖွရင်း ခါးလေးကုန်းကာ မနမ်းမိရုံတမယ်မျက်နှာနားကပ်ပြီး ရယ်ကျဲကျဲနဲ့ ပြောလိုက်မယ်

''ဟားဟား ဟုတ်ပါပြီဗျာ''

harutoမင်းကအဲ့လိုအနားကြီးကပ်လာတော့ ဘာလုပ်လုပ်မလဲ
ရင်ထဲကအကောင်ပေါက်က ကုလားဘုရားလှည့်သလို တစ်ဒုံးဒုံးနဲ့ဟ

''လာကိုယ်နဲ့ခဏလိုက်ခဲ့''

ကိုယ် ကိုယ်တဲ့လား မင်းဘယ်လိုကြီးပြောလိုက်တာလဲကွာ

''ဟမ် ဘယ်ကိုလဲ ''

''မင်းဒီနေ့အတန်းပြီးပြီးမလား ဘယ်သွားစရာရှိလဲ''

''မရှိပါဘူး ''

''ဒါဆိုကိုယ်နဲ့လိုက်ခဲ့''

''ဘယ်ကိုလဲလို့''

''ကိုယ်အိမ်ကို''

''ဘာ...ဘယ်လို''

''ဖြည်းဖြည်းအော်ပါကွာ''

''ငါမင်းအိမ်ကိုဘာလိုက်လုပ်ရမှာလဲ''

''မင်းကဘာလိုက်လုပ်ချင်နေလို့လဲ''

''မင်း..ဘာ.ဘာတွေပြောနေတာလဲ''

''ဟားဟား စတာပါ''

''...''

''ငါ့ကိုစာလိုက်ရှင်းပြလေ''

''ဘာလို့ရှင်းပြရမှာလဲ''

''ဆရာမကမသိတာရှိရင်မင်းကိုမေးလို့ပြောထားတယ်''

''ဘာလို့ ငါ့ကိုမှလဲ''

''ကဲလာပါကွာ အိမ်မှာဂျပန်ရိုးရာအစားအစာတွေလုပ်ထားတယ်''

''တကယ်လား''

စွာတေးလေးနှင့် ကျတော် (Hajeongwoo) 🦋🐺(Complete) Where stories live. Discover now