မနက်ဖြန်ပြန်ကြတော့မှာဆိုတော့ ဒီနေ့တော့ဘယ်မှလျှောက်မလည်ပဲ ဟိုတယ်မှာပဲjaehyuk hyungတို့နဲ့ပဲ စကားတွေပြောရင်းအချိန်ကုန်ကြတယ်..ညကျရင်လဲနှုတ်ဆက်ညစာစားပွဲလေးလုပ်ပေးမယ်တဲ့လေ...အခုတော့ကျတော့်ဝံပုလွေပေါက်လေးနဲ့ မနက်စာသွားစားအုန်းမယ်
''jeongwoo ya~ ရေချိုးတာအခုထိမပြီးသေးဘူးလား''''ပြီးပြီဟ..ဘာတွေလောနေတာလဲကိုကိုရာ''
''မနက်စာသွားစားမယ်လေ..ကိုကိုဗိုက်ဆာနေပြီ''
''အင်း..အင်..လာပြီ''
ရေချိုးခန်းထဲကနေ တဘက်လေးပတ်ပြီးအပေါ်ပိုင်းဗလာနဲ့ထွက်လာတဲ့ကောင်လေးကို harutoမှာမျက်တောင်မခက်ပဲကြည့်နေတယ်
''ဘာလဲ..ဘာလဲ ဘာလို့အဲ့လိုကြီးစိုက်ကြည့်နေတာလဲ..ကြက်သီးထစရာကြီး''''ကြည့်လို့ကောင်းလို့''
''ဘာကိုကြည့်လို့ကောင်းတာလဲ''
''မင်းရဲ့အဲ့လိုရေချိုးပြီးထွက်လာတဲ့ပုံကကြည့်ကောင်းလို့..မင်းကတော့ငါ့ကိုအမြဲငါ့စိတ်ကိုဆွဲဆောင်နေတာပဲနော်''
''ကိုကိုမင်းနော် ဘာတွေလာပြောနေတာလဲ ငါဘယ်တုန်းကဆွဲဆောင်လို့လဲ..''
''မင်းအခုပုံစံက ကိုကို့ကိုဆွဲဆောင်နေတာလေ''
''တော်ပြီ မပြောနဲ့တော့သွား..သွား..မနက်စာသွားယူပေး.အပြင်မှာမစားချင်ဘူး အခန်းထဲယူလာပေး'' (ဘဲနိုင်လိုက်တာအေ..အားကျ)
''အင်းပါ ဒါဆိုဘာစားမလဲ ယူလာမယ် ''
''ကော်ဖီနဲ့မုန့်နဲ့ပဲစားတော့မယ်''
''ok..အခုပဲသွားယူလိုက်ပါ့မယ်ဗျ''(ဘဲတစ်ခွန်းဆိုတခွန်းပဲနော်..
ဂျပန်ကြီးက)a few minutes later
''ရပါပြီစားလို့''''လာလေကိုကိုလဲလာစား''
''အင်းလာပြီ''
''ရော့..'' ဟာရူတိုကဂျောင်ဝူးကိုကွတ်ကီးတစ်ခုလှမ်းပေးလိုက်တယ်..ဂျောင်ဝူးကသူ့ကိုခွံ့ကျွေးမယ်ထင်ပြီး ပါးစပ်ဟလိုက်တယ်
''ဘာလို့ပါးစပ်ဟတာလဲ လက်နဲ့ယူလေ''
''ဟမ် ခွံကျွေးတာမဟုတ်ဘူးလား''
''မဟုတ်ဘူး လက်နဲ့ယူ..ရော့''
''ဟွန့်..ပေးကွာ''မုန့်ကိုဆွဲယူလိုက်တယ်
နှုတ်ခမ်းကိုဆူပြီးမုန့်တွေပလုပ်ပလောင်းစားနေတဲ့ပုံလေးက
ဟာရူတိုကို ပိုပြီးဆွဲဆောင်နေသလိုပဲတကယ့်ကိုအသဲယားစရာခဏကြာတော့ဟာရူတိုက ကွတ်ကီးတစ်ခုကိုပါးစပ်မှာကိုက်ပြီး
ဂျောင်ဝူးမျက်နှာနားကပ်လာတယ်..ဂျောင်ဝူးကမျက်မှောင်ကြုတ်ပြီးမေးလိုက်တယ်''ဘာလဲ..ဘာလို့အနားကပ်လာတာလဲ..အနောက်ဆုပ်ကွာ''
ရင်ဘတ်ကိုတွန်းပြီး..အနောက်ဆုတ်ဖို့ပြောလိုက်တယ်
ဟာရူတိုက သူကိုက်ထားတဲ့ ကွတ်ကီးကိုလက်နဲ့ပြန်ယူလိုက်ပြီး
ဂျောင်ဝူးအနားကိုပိုနီးနီးကပ်ကပ်တိုးသွားပြီးပြောလိုက်တယ်''ခုနက ဂျောင်ဝူးကကိုယ်ပေးတဲ့မုန့်ကို လက်နဲ့ယူလိုက်တယ်မလား''
''အင်း..အဲ့တော့ ''
''အခု ကိုက ပါးစပ်နဲ့ကိုက်ပြီးပေးတဲ့မုန့်ကိုလဲ ပါးစပ်နဲ့ပဲပြန်ယူ''
''မယူဘူး..ဒီမှာလဲအများကြီးရှိသေးတယ်''
''မရဘူး..''
ဟာရူတိုက ဂျောင်ဝူးရဲ့မျက်နှာကိုလက်နှစ်ဖက်နဲ့ကိုင်လိုက်ပြီး သူ့ပါးစပ်ကမုန့်ကိုယူစေတယ်ဂျောင်ဝူးလဲ ငြင်းမရတဲ့အဆုံး မုန့်ကို ကိုက်ဖို့အနားတိုးသွားလိုက်တယ်...ရူတို့ပါးစပ်ကမုန့်ကိုကိုက်ဖို့ပဲရှိသေးတယ်ဟာရူတိုက ပါးစပ်ကကိုက်ထားတဲ့မုန့်ကိုလွှတ်ချလိုက်ပြီး..ဂျောင်ဝူးနှုတ်ခမ်းသားကို ဆွဲယူနမ်းရှိုက်လိုက်တယ်
ဂျောင်ဝူးလဲရုတ်တရက်မို့ကြောင်တောင်တောင်လေးဖြစ်ပြီး..ဘာလုပ်လို့လုပ်ရမှန်းမသိပဲ ဒီတိုင်းသာနမ်းတာကိုငြိမ်ခံနေမိတယ်
အနမ်းတွေကလဲတဖြေးဖြေးနဲ့ပိုပြီးအသက်ဝင်လာတယ်
ခဏကြာမှ ဂျောင်ဝူးကရင်ဘတ်ကို ထုလိုက်တော့မှ
ဟာရူတိုကနမ်းနေတာကိုလွှတ်ပေးလိုက်ပြီး..သူလုပ်ချင်တာလုပ်ရလို့ပျော်နေတဲ့ရုပ်နဲ့ပြုံးပြီးကြည့်နေတယ်''ရားးဒီလူယုတ်မာကိုကိုကတော့ တကယ်ပါပဲ''
''ဟားးဟားးချစ်စရာလေး''
''ကိုကို မင်းအဲ့အကျင့်တွေဘယ်ကတက်လာတာလဲဟမ်''
''အချစ်ကြောင့်သူဘာသာဖြစ်လာတာ''
''မင်းကတော့ တကယ်ပေါက်ကရတွေပဲပြောနေလိုက် ''
''အဲ့လိုမှမလုပ်ရင် jeongwooကအနမ်းခံမှာမှမဟုတ်တာ.. ဘယ်လိုလဲကိုကို ဉာဏ်ကောင်းတယ်မလား''
''လူကိုနမ်းချက်တိုင်းကို နမ်းနေတော့တာပဲ''
''ချစ်တာကိုလို့ ''
*********
ညကျရင်နောက်တစ်ပိုင်းတင်ပေးပါ့မယ်နော်
ဒီတစ်ပိုင်းတော့ပိစိလေးပေါ့သွားတယ်
YOU ARE READING
စွာတေးလေးနှင့် ကျတော် (Hajeongwoo) 🦋🐺(Complete)
Fanfiction''harutoဘာလုပ်တာလဲဘာလို့တံခါးလော့ချလိုက်တာလဲ'' ''အဖြေတောင်းမလို့ အဖြေပေး'' ''အဖြေကို အခန်းပိတ်ပြီးတောင်းရတယ်လို့ ဘယ်သူသင်ပေးထားတာလဲဟမ်..တခါမှမကြားဖူးဘူး'' ''အခုကြားဖူးပြီမလား ပေးတော့''