Part 12.Z

10.4K 347 17
                                    

'' ဝါး...မှိုတွေ အများကြီး ပဲ အစ်ကို.... ''

မြက်ကြားမှိုနဲ့ မှိုစာဥ ဖြူဖြူလေးတွေက လယ်ကန်သင်းရှိ မြက်ပင်များ ကြားတွင် ဟိုတစ်ပွင့် ဒီတစ်ပွင့် များပြားစွာ ပေါက်နေကြ၏။ မှိုတွေအား ကြည့်ကာ အံ့သြဝမ်းသာနေသည့် သူ့ရဲ့ နို့ခဲလေး။

အချိုဓာတ်ရှိသော မှိုက ရာသီပေါ်အစားအစာတစ်မျိုး ဖြစ်တာကြောင့် မှိုရှာသူတွေက ခပ်များများရယ် ။ဒါကြောင့် မှိုရှာထွက်သည့်အခါ မနက်စောစော အိပ်ယာထပြီး လယ်ကန်သင်းတစ်လျှောက် မှိုရှာကြသည်။

ဟိုးအဝေးဆီက ရိုးမတောင်တန်းကြီးတွေအား ရောင်နီမလာခင် ခပ်မှိုင်းမှိုင်း မြင်တွေ့နေရသည်။ ဝါးဇကာလေးကို နှစ်ယောက်အလယ်တွင် ချကာ မှိုလေးတွေအား မကြေမွအောင် ဂရုစိုက်ပြီး ခူးနေကြ၏။

သိပ်မကြာမီ တစ်ခြားသူတွေ ရောက်လာကြပြီး မှိုတွေ အပြိုင်အဆိုင် ခူးကြတော့၏။ ထင်ရှားတို့ ဟင်းတစ်ခွက်စာ ရသည့်အခါ မှိုခူးခြင်းအား ရပ်လိုက်ပြီး စပါးပင်ပျိုတွေကြားတွင် ပေါက်နေသော လယ်ကန်စွန်း အနည်းငယ် အား ခူးလိုက်၏။ ပြီးနောက် နို့ခဲလေးရဲ့ ပုခုံးတစ်ဖက်အား ဖက်လိုက်ပြီး မှိုထည့်ထားသောဝါးဇကာ (ဆန်ကာ) လေးအား သယ်ပြီး အိမ်ပြန်လာခဲ့ကြသည်။

ထင်ရှား အမှန်တကယ်ဆို သူ့ကလေးငယ် နို့ခဲလေးရဲ့ လက်ရာကိုသာ စားချင်သည်။ဒါပင်မဲ့ အေးမြကို ချေမိုးချင်တာကြောင့် အေးမြ အိမ်ထောင်မကျခင် သူ့လက်ရာအား ကျိတ်မှိတ်စားဖို့ တွေးထားပြီးသားပင်။ ခုလဲ မှိုအား ငရုတ်သီးထပ်ခြမ်းခွဲနဲ့ မန်ကျည်းရွက်အုပ်ကာ ချဉ်စပ်ချက်ပေးဖို့ရော၊အဆိပ်ပြေဖို့ ကန်စွန်းရွက် ထည့်ချက်ဖို့ပါ ထင်ရှား သေချာ ပြောလိုက်၏။

သူ့ယောက္ခထီးကြီးမှာ ခေါင်းမူးပြီး နေမကောင်းတာကြောင့် အိပ်ယာထဲ လှဲနေပြီး ကလေးငယ်က သွားနှိပ်ပေးနေ၏။ စာအုပ်ထဲမှာ ရေးထားပုံအရဆို ခုယောက္ခထီးပုံက သွေးတိုးအစပျိုးချင်နေသည်ထင်။ ဒါကြောင့် မပေါ့ဆပဲ ဆေးမှူး ခေါ်ပြဖို့ ထင်ရှား ဆုံးဖြတ်လိုက်သည် ။

'' အဖေ....အထိုင်အထ သိပ်မလုပ်နဲ့အုံး၊ အဖေ ခုဖြစ်နေတာက သွေးတိုး လက္ခဏာ ရပ်နဲ့ ညီနေတယ်၊ ကျွန်တော် ဆေးမှူး သွားပင့်လိုက်အုံးမယ်... ''

  နို့ခဲလေးရဲ့ ခင်ပွန်းအဖြစ် ကူးပြောင်းလာတယ်  (Completed) Nơi câu chuyện tồn tại. Hãy khám phá bây giờ