Part 2.Z

19.7K 516 16
                                    

အော်...အီး..အီးး..အွတ်....

လင်းကြက်တွန်သံတချို့နဲ့အတူ ခန္တာဗေဒ နာရီကြောင့် ထင်ရှား နိုးလာခဲ့သည်။ သူ့ရင်ခွင်ထဲက အနွေးလုံးလေးကို ငုံ့ကြည့်မိတော့ ညက သူ့ဖက်ထားခဲ့တဲ့အတိုင်း တစ်စောင်းလေး လှဲကာ သူ့ရင်ဘတ်ကို ခေါင်းအုံးကာ အိပ်ပျော်နေသည်။

သူအရင်ဘဝက မနက်တိုင်း ငါးနာရီထပြီး ကျန်းမာရေးအတွတ် နာရီဝက်လမ်းလျှောက်သည်။ ထို့နောက်  မြို့ပန်းခြံထဲက မနက်ခင်းလေ့ကျင့်ခန်းအစီစဥ်က်ိုအမြဲသွားကာ လေ့ကျင့်ခန်း လုပ်နေကျ ဖြစ်သည် ။

ခု နှစ်ဆယ့်နှစ်နှစ် အရွယ် ထင်ရှားအဖြစ် ကူးပြောင်းလာခဲ့သော်လည်း အရင်ဘဝက အိပ်ယာထနေကျအချိန် နိုးနေခဲ့သည်။

ဝတ္ထုထဲက ထင်ရှားအကြောင်း ပြန်တွေးကြည့်မိတော့ ခုမနက် မနက်စာစားချိန် သူ့ယောက္ခထီး ဦးလူအေးက လယ်သုံးဧကနဲ့ ချောင်းနားနီးတဲ့ ယာတစ်ခင်းအား မင်္ဂလာလက်ဖွဲ့အဖြစ်
ပေးမည်ဖြစ်သည်။ သူ့ယောက္ခထီး နဲ့ဒေါ်စိန်မြက မြို့တက်ကာ  အိမ်အတွတ် လိုအပ်သော ကုန်ခြောက်တွေ  သွားဝယ်ကြမည့် နေ့လဲဖြစ်သည်။

လယ်ယာစိုက်ပျိုးတာကတော့ သူ့အရင်ဘဝ မိဘတွေက တောင်သူလယ်သမားဖြစ်တာကြောင့် သူ့ငယ်ဘဝတစ်လျှောက် လယ်သမားဘဝနဲ့မစိမ်းသက်ခဲ့။ ခုတော့ ထင်ရှားတစ်ယောက် ငယ်ဘဝပုံရိပ်တွေကို အသုံးချပြီး အလုပ်ကြိုးစားတဲ့ ရိုးသားကြိုးစားဖိုးသခွားလေး ထင်ရှားအဖြစ် အစွမ်းပြရတော့ချည်ရဲ့။

'' ကလေး...နို့ခဲလေး နိုးပြီလား... ''

လှုပ်စိလှုပ်စိ ဖြစ်နေသော ကောင်လေးကြောင့် ထင်ရှား အမေးစကားဆိုတော့ ခေါင်းလေး အသာညိမ့်ပြသည်။

'' အစ်ကို....နိုးနေတာ ကြာပြီလား... ''

'' မကြာသေးဘူး ကလေး ...''

ရွှေသားတို့ လက်ထပ်ခဲ့တဲ့ မနေ့ညကစပြီး အစ်ကိုက အရင်ပုံစံနဲ့ မတူတော့သလို ရွှေသား ခံစားနေရသည်။

အစ်ကိုထင်ရှားက  ခြောက်နှစ်သားအရွယ်ကထဲက မိဘတွေဆုံးသွားတာကြောင့် ဆရာတော်ဘုရားက ခေါ်ယူမွေးစားခဲ့တာလို့ လူကြီးတွေ ပြောပြတာကြားဖူးခဲ့သည်။

ငယ်ဘဝက ဘုန်းကြီးကျောင်းဝန်းထဲ အတူတူဆော့ဖူးခဲ့ကြပင်မဲ့ ဆယ်ကျော်သက် အရွယ်ရောက်တော့ အကြောင်းအမျိုးမျိုးနဲ့ အနေစိမ်းသွားခဲ့သည်သာ။

  နို့ခဲလေးရဲ့ ခင်ပွန်းအဖြစ် ကူးပြောင်းလာတယ်  (Completed) حيث تعيش القصص. اكتشف الآن