Part 15

34.9K 2.5K 170
                                    

ကျားလိုလို မလိုလို နဲ့ အမျိုးယုတ်လေးက ကိုယ်ဝန် ရှိနေတယ် ၊ဘယ်လောက် ရွံရှာဖို့ ကောင်းလိုက်သလဲ။ ဒီလို အမျိုးယုတ်လေးနဲ့ တအိမ်ထဲ နေရတာကိုက အမင်္ဂလာပဲ။

ကိုထွန်းလူနဲ့ အိမ်ထောင်ပြုဖို့က တစ်လပင်မလိုတော့သည်မို့
သာ အေးမြ ထိုစိတ်ဖြင့် သူမကိုယ်သူမ နှစ်သိမ့်နေရလေ၏။ သူ​ဌေးမယား ဖြစ်သွားရင် ဒီအိမ်ကို အေးမြတို့ မျက်စောင်းပင် လှည့်ထိုးမှာမဟုတ်။

အဝတ်လျှော်နေရင်း ကိုယ့်အတွေးကိုယ် သဘောကျပြီး အေးမြ အသံထွက်အောင် ရယ်နေမိသည်။ ထိုစဥ် နွားရေတိုက်ရန် လာဆွဲသည့် အမျိုးယုတ်လေးက ကျောက်စည်ပိုင်းအနားရှိ ရေညှိတတ်နေသော အုတ်ကျိုးပဲ့ကို ချော်နင်းမိပြီး ရေပုံးနဲ့အတူ ချော်လဲသွားတော့သည်။ တကယ်ဆို သူမ လှမ်းထိန်းလိုက်ရင် ရပင်မယ့် ထိုအတွေးအား လဲကျစေချင်သည့် စိတ်တို့က စိုးမိုးသွားပြီး သူမ ဒီတိုင်း ကြည့်နေခဲ့ခြင်း။

'' အ....''

အစ်ကို ဘဲခြံဘက် ရောက်နေတုန်း အဖေလဲ ကောက်ရိုးသွားဆွဲခိုက် အဖေနဲ့အစ်ကို အလစ်တွင် နွားရေသောက်ဖို့ ရွှေသား ရေလာဆွဲခဲ့တာ။ ရေညှိကို နင်းမိပြီး ေချာ်လဲမလိုဖြစ်သွားတဲ့အချိန် အစ်မအေးမြက သူ့အား လက်ကမ်းပေးမယ်ထင်လို့ လှမ်းဆွဲမိတော့ ထိန်းကူပေးသော လက်တစ်စုံမရှိ။ လုပ်ရက်လိုက်တာ အစ်မရယ် ၊ရွှေသားကို အဲ့လောက် မုန်းတာလား ။

ရွှေသား ဗိုက်လေးထဲက နာကျင်မှုက စူးကနဲ၊ ဟုတ်တယ် အစ်ကိုနဲ့ရွှေသားရဲ့ ကလေးလေး ဘာဖြစ်သွားပြီလဲ၊ဟင့်အင်း ကလေးလေး ဘာမှမဖြစ်ရဘူးနော် ၊ဖေဖေ တောင်းပန်ပါတယ်ဘာမှမဖြစ်လိုက်ပါနဲ့ ကွယ်။

မတ်တတ်ရပ်ဖို့ သူကြိုးစားပင်မဲ့ ဘယ်လိုမှမရ ။နာကျင်တဲ့ ဒဏ်ကြောင့် ရွှေသား အစ်ကိုနဲ့အဖေကို အော်ခေါ်ဖို့တောင် အားမရှိ ၊ မျက်ရည်တွေသာ တလိမ့်ချင်းစီးကျလာတော့၏။

'' ဟယ်...ထင်ရှားရေ.. ထင်ရှား ဘယ်ရာက်နေတာလဲ ၊ ရွှေသား ချော်လဲလို့.အမြန်ထူကြပါအုံးဟဲ့....''

မောင်ငယ် ဗိုက်ဗိုက်လေးအတွတ် မြို့ကဝယ်လာတဲ့ ကြက်ဥချောင်းကြော် လာပေးသော ခွာညို တစ်ယောက် တအိမ်ကျော်လောက်ကထဲ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် နီနီရဲရဲ ကြက်ဥချောင်းကြော် ပန်ကန်းအား လွှတ်ပစ်လိုက်ပြီး ထင်ရှားကိုလဲ အောိခေါ်ပြီး မောင်ငယ်အား အပြေးသွားထူလိုက်၏။

  နို့ခဲလေးရဲ့ ခင်ပွန်းအဖြစ် ကူးပြောင်းလာတယ်  (Completed) Where stories live. Discover now