Extra 2.Z

6.7K 257 9
                                    

'' အူးဝါးး....ဖေဖေ့... အီးဟီးး...ထောပတ်ခဲ လေးရယ် သားကို ကိုက်နေတယ်....အူးဝါးး...''

'' မီးငယ်...ကိုကို့လက်ကို လွှတ်လိုက်...မကိုက်ရဘူးလေ ၊ ကိုကို နာလို့ ငိုနေပြီ....''

အိမ်ရဲ့ ဆည်းလည်းလေး နှစ်ယောက်က အဆော့သန်သည့် အရွယ်တွေမို့ ဘောင်းဘီလေးတွေ ခွပြဲတာ များသည်ကြောင့် အိမ်မှာ အပ်ချုပ်စက်တစ်လုံး ဝယ်ထားရသည်။

ရွှေသား အစ်ကို့ပုဆိုးဟောင်း အပြဲတွေနဲ့ မလိုင်ခဲနဲ့ ထောပတျခဲ မောင်နှမနှစ်ယောက်ရဲ့ အဝတ်ပြဲတွေကို စက်နဲ့နင်းကာ ချုပ်နေတုန်း  အဖေ့ကုတင်ကြီးပေါ် ထိုင်ဆော့နေသည့် သားရဲ့အော်ငိုသံကြောင့် အဝတ်ချုပ်နေရာမှ အမြန်သွားပြီး သူ့ကိုကို့လက်အား ကုန်းကိုက်နေသည့် နှစ်နှစ်သမီး ထောပတ်ခဲ မစိတ်တိုလေးအား သူ့ဘက်ကို ရွှေသား လှမ်းဆွဲကာ ပေါင်ပေါ်တင်လိုက်ပြီး သားကိုလဲ သူ့လက်လေး ပေါက်သွားသလားကြည့်ပြီး မျက်ရည်တွေ သုတ်ပေးလိုက်ကာ ဖက်ထားလိုက်၏။

'' မီးငယ်...ကိုကို့ကို ဘာလို့ ကိုက်တာတုန်းး ...သားမလိုင်ခဲလေး ဖေဖေ ဉုံဖွ လုပ်ပေးမယ်... မငိုနဲ့ တော့ နော်...''

'' ကိုကိုက... မီး နဲ့ ဆော့ဘူး ..''

'' သားက ပုံတွေ စီနေတာ မပြီးသေးလို့ပါ ဖေဖေ၊ ညီမလေးက အိုးပုတ်တွေနဲ့ ဆော့နေတာ ကို.....''

ရင်စေ့ အိင်္ကျီ ခါးတိုလေးနဲ့ ချိတ်ထမီ ဝမ်းဆက် အနီရောင် အကွက်လေးကို ဆင်ပေးထားသည်ကြောင့် ခါးတိုအိင်္ကျီလေးဆီကနေ ထောပတ်ခဲလေးရဲ့ စားဗိုက်အဆီခေါက်လေးက ထွက်နေလေသည်။ ဆံပင်ကုတ်ဝဲ ကို အတိုမညှပ်ဖူးဆိုတဲ့ မမထောပတ်ခဲ။ ခုလဲ ဗိုက်ခေါက်လေးနဲ့အပြိုင် စူထွက်နေသည့် နှုတ်ခမ်းလေးနဲ့ မရွှေထက်ရှား ( ခ) ထောပတ်ခဲလေး။

အကိုက်ခံရသည့် သားက အငိုတိတ်ကာ ရွှေသားအား ဖက်ထားလေ၏။

'' မီးငယ်...ကိုကိုနဲ့ အတူဆော့ချင်ရင် ဆော့ချင်တယ် ကိုကိုလို့ ပြောရမယ်လေ ၊ခုလို နောက်ခါ မကိုက်ရဘူးနော်....''

'' ဟုတ်...ဖေဖေ...''

'' သွား...ကိုကို့ကို နာနာကြီး အမြန်ပျောက်သွားအောင် အာဘွားပေးလိုက်အုံး ေထာပတ်ခဲလေး...''

  နို့ခဲလေးရဲ့ ခင်ပွန်းအဖြစ် ကူးပြောင်းလာတယ်  (Completed) Hikayelerin yaşadığı yer. Şimdi keşfedin