Part 16.Z

10.4K 347 19
                                    

ဒေါ်စိန်မြတို့ သားအမိ မရှိတော့သည်နှင့် ရွှေသားတို့ အိမ်လေးဟာ ပိုနွေးထွေးလာသည်ဟု ရွှေသားထင်မိသည်။ ဆေးမှူး ခန့်မှန်းပြောသည်ကြောင့် ရွှေသား ကိုယ်ဝန်ဟာ နှစ်လကျော်လောက် ရှိပြီဟု သိရပြီး အရင်တစ်နေ့က ချော်လဲထားသည်ကြောင့် အဖေနဲ့အစ်ကိုက အရင်ကထက် သူ့အား ပိုစိုးရိမ်ကာ မျက်စိဒေါက်ထောက် ကြည့်နေကြတော့၏။ အပေါ့အပါး သွားသည်ကအစ အစ်ကိုက ရေအိမ်အရှေ့ထိ သူ့အားတွဲကာ လိုက်ပို့ပေးလေသည်။

မနက်စောစော ဘုရားရှိခိုးရာတွင်လဲ အစ်ကိုပါ သူနဲ့အတူ အိပ်ယာလိုက်ထပြီး ဘုရားဝတ်ပြုလေ၏။ ရင်သွေးလေး ချောချောမွေ့မွေ့နဲ့ မွေးဖွားပြီး ခြေလက်အင်္ဂါစုံညီဖို့ရန် အတွတ်လဲ ဘုရားရှိခိုင်းတိုင်း အမြဲ ဆုတောင်းလေ့ရှိသည့် အစ်ကို။

ထမင်းဟင်းချက်ပြုတ်ရာတွင်လဲ ထမင်းကို အစ်ကိုချက်ပြီး ဟင်းသာ ရွှေသား ချက်ရလေ၏။ ထမင်းအိုးက အလေးပင်မို့ပါတဲ့လေ။ ရွှေသား လက်ရာကို လွမ်းနေကျတော့ ရွှေသား စချက်တဲ့နေကထဲက အဖေနဲ့အစ်ကိုက ထမင်းနှစ်ပန်းကန် စားကြလေ၏။

ခုမနက် အစ်ကိုက ထမင်းတစ်အိုး ချပေးခဲ့ပြီး မနက်စာ စားပြီးသည်နှင့် ယာထဲ သွားတော့၏။ အစ်ကို့မှာလဲ မကြာမှီ ရင့်မှည့်ကာ ရိတ်သိမ်းရမည့် စပါးတွေ၊ သုံးရက်ခြား တစ်ခါ အသီးအနှံ ဖောက်သည်ပေးသည်မို့ ခူးဆွတ်ရသည့် သီးနှံတွေ၊ဒါ့အပြင် ဘဲဥ တွေအား တစ်ပတ်တစ်ခါ မြို့က ဒိုင်တွေဆီ ကိုညိုကြီးနှင့်အတူ သွားဖောက်သည်ပေးသေး၏။ ဒါတောင် ဘဲစာအတွတ် ဗေဒါတို့ ခရုတို့ စသည်ဖြင့် ဘဲစာအတွတ် ကိုညိုကြီး တာဝန်ယူကာ ရှာကျွေးသောကြောင့်ပင်။

ကြက်မ သုံးကောင်ကနေ အရင်းတည်ခဲ့ရာကနေ ခုဆို ကြက်မ ဆယ်ကောင်ခန့်ရှိလာပြီး ဥတွေလဲ ရောင်းလို့ရပေပြီ။ မြို့ပေါ်နေထိုင်သူတွေက ကြက်၊ဘဲ မွေးမြူဖို့ အဆင်မပြေတာကြောင့် သဘာဝစစ်စစ် ဘဲဥနဲ့ ဆေးဖက်ဝင် ဗမာကြက်ဥတွေကို တောရွာဘက်တွေကနေ မှာယူကာ ဝယ်ကြလေ၏။

အစ်ကိုက စီးပွားအရှာတော်သည်ကြောင့် ရွှေသား ပျော်ရွှင်ဂုဏ်ယူရပင်မယ့် တစ်နေ့ထက်တစ်နေ့ အလုပ်တွေ ပိုတိုးလာသည်ကြောင့် အစ်ကိုသည်ပင် ညိုနေသော အသားရေကနေ ကြေးနီရောင်သန်းသည်အထိ မဲသွားပြီး လူကလဲ နဲနဲပိန်သွားလေ၏။ ဒါကြောင့် ရွှေသား တတ်နိုင်သည်က အစ်ကိုနဲ့အဖေ အစားများများပိုစားအောင် ဖွယ်ဖွယ်ရာရာနဲ့ ကောင်းကောင်း ချက်ကျွေးဖို့ပင် ဖြစ်၏။

  နို့ခဲလေးရဲ့ ခင်ပွန်းအဖြစ် ကူးပြောင်းလာတယ်  (Completed) Where stories live. Discover now