Uni
/စီနီယာအစ်ကိုကြီးက ခဲပန်းချီပေးလိုက်တဲ့ညနေခင်းလေးကနေစပြီး သူ့မှာအလုပ်တစ်ခုတိုးရတယ်။ ရိပေါ်ရဲ့နေ့နေ့ညညဟာ စီနီယာအစ်ကိုကြီးရဲ့ခဲပန်းချီလေးနဲ့စတယ် ပြီးတော့ အဆုံးသတ်တယ်။ မနက်ရောက်လာရင် ပြုံးပြီးကြည့်သေးတယ်။ ညဘက်ရောက်လာရင်တော့ မှန်ဘောင်လေးကိုဖက်ပြီးအိပ်တယ်။ ဒါတောင် တစ်ခုခုကျိုးပဲ့သွားမှာစိုးလို့ ခပ်ဖွဖွလေးကိုင်ရသေးတယ်။ ရိပေါ်ကအအိပ်မကြမ်းပေမယ့် မတော်တဆများထိခိုက်သွားမှာတော့ သေမလောက်ကြောက်ပါတယ်။
"ရိပေါ် သွားရအောင်လေ"
ကျောင်းကိုလိုက်ပို့ဖို့ မာမားကဆော်သြနေပြီ။ ရိပေါ်ကတော့ ခဲပန်းချီလေးကိုငေးတုန်း။ စီနီယာအစ်ကိုကြီးအကြောင်းကိုတွေးတုန်း။ ပြီးတော့ ရိပေါ်စဥ်းစားထားတာ ဒီနေ့ကစပြီး မာမားကိုကျောင်းလိုက်မပို့ခိုင်းဘဲ စီနီယာအစ်ကိုကြီးနဲ့ဘဲသွားမယ်။ ခဲပန်းချီလေးပေးတဲ့ကျေးဇူးနဲ့ စီနီယာအစ်ကိုကြီးကိုစောင့်ရှောက်ဖို့တာဝန် ရိပေါ်မှာရှိပါတယ်။
"မား သားပြောစရာရှိလို့"
"အံမယ် ထူးထူးဆန်းဆန်း"
သူ့ထုံးစံအတိုင်း တစ်ခုခုအားယူတဲ့ပုံစံနဲ့ မျက်မှန်ကိုင်းလေးကိုပင့်တင်ရင်းပြောတော့ မာမားကအံ့သြနေပုံရတယ်။
"ကျောင်းကို မားလိုက်မပို့နဲ့တော့နော်"
"ပြောပါဦး အကြောင်းပြချက်ကလေး"
"ဟို..."
မလိမ်တတ်တဲ့သူမို့ တစ်ခုခုညာပြောဖို့ကြိုးစားတာနဲ့ ချွေးစေးတွေထွက်လာရော။ တကယ်တော့ အမှန်တိုင်းပြောလိုက်ရင် မာမားကဝမ်းတောင်သာဦးမယ်။ သူနဲ့သူ့အစ်ကိုကြီး အစေးကပ်သွားပြီဆိုပြီးတော့ပေါ့။
"သား ကျန့်ကောနဲ့သွားချင်လို့"
"အံမလေး စောစောတော့မပြောဘူး
အားကျန့်နဲ့သွားတာများ သွားပေါ့"လွယ်လွယ်ကူကူနဲ့ပုံမှန်ဘဲ မာမားကခွင့်ပြုတယ်။ မားကပုံမှန်ပေမယ့် မူမမှန်တာကသူ။ ဟုတ်သားဘဲ တကယ်ဆိုဘာအရေးမို့ပြောဖို့ဆွံ့အနေတာလဲမသိ။ သူနဲ့သူ့ကျန့်ကောကညီအစ်ကိုသူငယ်ချင်းဘဲဟာ။ အသာတကြည်ခွင့်ပြုခြင်းရဲ့နောက်မှာ စီနီယာအစ်ကိုကြီး တစ်နည်း ကျန့်ကောရဲ့အိမ်ရှေ့ကို သူရောက်သွားပြီ။
YOU ARE READING
Came From Deepest Somewhere [Complete]
Fanfictionရှောင်းကျန့်ကအများပြောသလိုဂြိုဟ်ဆိုးကလေးဆိုရင်တောင် ဝမ်ရိပေါ်ကိုတော့ရှောင်ကွင်းသွားချင်တဲ့ဂြိုဟ်ကလေးဘဲဖြစ်ခဲ့ပါတယ် Started date-17.6.2022(Fri) Completed Date-23.9.2022