Uni
/ငြီးငွေ့စရာကောင်းတဲ့စာအုပ်တွေကြားမှာ ခဏနေရင်း စနေနေ့ကိုရောက်လာပြီ။ စနေနေ့တွေအားလုံးထဲမှာ ဒီအပတ်စနေနေ့ဟာ ရိပေါ်အတွက်အကောင်းဆုံးဘဲ။ ဘာကြောင့်လဲဆိုရင် စနေနေ့ပြီးရင် တနဂ်နွေနေ့ကိုရောက်လာတော့မှာ။ အတိအကျပြောရရင် ညစာစားပွဲလုပ်မယ့်တနဂ်နွေနေ့ကိုရောက်လာမှာ။
"အိမ်မှာဘဲနေနော် ဝမ်ပေါင်ပေ့
ဘယ်မှလျှောက်မသွားနဲ့"စျေးခြင်းတောင်းနဲ့ပိုက်ဆံအိတ်ကိုလက်ကကိုင်ထားရင်း မားမားကတတွတ်တွတ်မှာတယ်။
"အပြင်တွေဘာတွေသွားစရာရှိရင်လည်း အိမ်တံခါးတွေသေချာပိတ် ကြားလား
ဝမ်ပေါင်ပေ့""စိတ်ချပါ မားရယ်
သွားမှာသာဖြောင့်ဖြောင့်သွားပါဗျာ"မနက်မိုးလင်းတည်းကတတွတ်တွတ်မှာနေတဲ့မားမားက ခုထိလည်းစိတ်ချသေးပုံမပေါ်ပါ။
"ဒါဆိုမားမားသွားပြီ ဝမ်ပေါင်ပေ့
ဂရုစိုက်ဦး"မားမားကပြောရင်းဆိုရင်းထွက်သွားပြီ။ ဒါတောင်အိမ်ထဲကိုဝေ့ဝဲပြီးကြည့်သွားသေးတာ။ မားမားထွက်သွားတော့ ရိပေါ်အခန်းထဲပြန်လာခဲ့တယ်။ နည်းနည်းတော့ပျင်းစရာကောင်းပေမယ့် ရိပေါ်အိမ်စောင့်ရမယ်။ မားမားစျေးကောင်းကောင်းဝယ်နိုင်ဖို့။ စျေးကောင်းကောင်းဝယ်နိုင်မှ ကျန့်ကောကြိုက်တဲ့ဟင်းတွေကောင်းကောင်းချက်နိုင်မှာ။
အခန်းထဲမှာလည်း ရိပေါ်ဘာမှလုပ်စရာရှိမနေဘူး။ အထက်တန်းစာတွေကလည်း ရိပေါ်လုပ်ပြီးသားမို့ လုပ်စရာမရှိပါ။ မလုပ်ချင်ဘူးဆိုရင်တော့ပိုမှန်တယ်။ ဘာမှလုပ်စရာမရှိတဲ့အဆုံး စာကြည့်စားပွဲအံဆွဲထဲကအပြာနုရောင်ကတ်ထူစာအုပ်လေးကိုထုတ်လိုက်တယ်။
ကတ်ထူစာအုပ်လေးရဲ့မျက်နှာဖုံးမှာရေးထားတာက Wang Yibo's To Do Listတဲ့။ အဲ့ဒီစာအုပ်ထဲမှာ ရိပေါ်ငယ်ငယ်တုန်းတည်းကလုပ်မယ်လို့ရည်ရွယ်တဲ့ဟာမှန်သမျှရေးထားခဲ့တာ။ ကလေးဘဝတည်းကသူလုပ်ချင်တာတွေအဲ့တည်းမှာရှိတယ်။ ဥပမာ-ရေခဲမုန့်အများကြီးစားရန်၊ မားမားလိုစာတွေအများကြီးဖတ်တတ်ရန်၊ကစားကွင်းသွားရန် စသဖြင့်ပေါ့။
YOU ARE READING
Came From Deepest Somewhere [Complete]
Fanfictionရှောင်းကျန့်ကအများပြောသလိုဂြိုဟ်ဆိုးကလေးဆိုရင်တောင် ဝမ်ရိပေါ်ကိုတော့ရှောင်ကွင်းသွားချင်တဲ့ဂြိုဟ်ကလေးဘဲဖြစ်ခဲ့ပါတယ် Started date-17.6.2022(Fri) Completed Date-23.9.2022