Chapter-16

1.7K 147 4
                                    

Uni
/

အိမ်ရှေ့လမ်းမဆီကယူကလစ်ရွက်တွေကကြွေလိုက်၊ဝေလိုက်ဖြစ်လာတာနဲ့အမျှ အချိန်တွေကလည်းတရွေ့ရွေ့ကုန်လာတယ်။ ရိပေါ်ကတော့စာတွေကြိုးစားကျက်တုန်း၊စီနီယာအစ်ကိုကြီးကိုမျှော်နေတုန်း။ ပြီးတော့ကျောင်းပိတ်ရက်တွေကိုစောင့်နေတုန်းပါဘဲ။ ဒါပေမယ့် Wang Yibo's To Do Listဆိုတဲ့စာအုပ်ကလေးထဲမှာ စာကြောင်းရေတွေများလာခဲ့တဲ့တိုင်အောင်၊ စီနီယာအစ်ကိုကြီးဆိုတဲ့နာမည်တွေအကြိမ်ရေများစွာထပ်လာခဲ့တဲ့တိုင်အောင် စီနီယာအစ်ကိုကြီးကတော့ရိပေါ်ဆီကိုပြန်မလာခဲ့ပါဘူး။

'ယင်းအားရီ ကျန့်ကောပြန်လာမယ်တဲ့လားဗျ'

'ဒီလကျောင်းပိတ်ရက်မှာကျန့်​ကောကပြန်လာမယ်ပြောသေးလား အားရီ'

'ကျန့်ကောဆီကဖုန်းရသေးလားဗျ ယင်းအားရီ'

'ယင်းအားရီ ကျန့်ကောကဒီပိတ်ရက်ပြန်လာဖြစ်လောက်လားဗျ'

'စာမေးပွဲနီးလို့များကျန့်ကောကပြန်မလာတာလားဗျ'

ညနေကျောင်းဆင်းချိန်တိုင်း ယင်းအားရီကိုဝင်ပြီးမေးတတ်တဲ့ဝမ်ရိပေါ်ရဲ့မေးခွန်းတွေသာထပ်လာခဲ့တယ်။ ကျန့်ကောကတော့ပြန်မလာခဲ့ပါဘူး။ ခပ်ဖွဖွပြုံးရင်း'အားကျန့်ကမလာသေးပါဘူးတဲ့ သားရယ်'ဆိုတဲ့ယင်းအားရီရဲ့စကားက ရိပေါ်အတွတ်နားထောင်လို့မကောင်းပါဘူး။ စောင့်ဆိုင်းရတာပျော်စရာမကောင်းကြောင်းကိုခံစားနားလည်တတ်နေခဲ့တဲ့တိုင်အောင် ရိပေါ်ကတော့အလွမ်းတွေကိုထုထည်ခပ်ကြီးကြီးပွေ့ပိုက်လို့စီနီယာအစ်ကိုကြီးကိုစောင့်မျှော်နေခဲ့တယ်။ တာဝန်ဝတ္တရားလို့မသတ်မှတ်ရက်ပေမယ့် နေ့စဥ်ရက်ဆက်အဲ့ဒီလူကိုမျှော်လင့်နေရတာအလုပ်တစ်ခုလိုဖြစ်လာခဲ့ပါတယ်။

လေပြေညှင်းကတတိတိတိုက်စားသွားတာကြောင့်ရွေ့လျားလာတဲ့အချိန်ကာလတွေအရ ရိပေါ်ဟာအထက်တန်းပထမနှစ်ပြီးတော့မယ်။ ဒါပေမယ့်ကျောင်းပိတ်ရက်ကိုတစ်ခေါက်တည်းပြန်လာပေးပြီး အကြာကြီးပျောက်သွားတဲ့အရိပ်ပြာကလေးကိုလည်း ရိပေါ်ကအပြစ်မတင်ရက်ပါဘူး။ ခြေရာထပ်နေတဲ့အိမ်ပြန်လမ်းကိုတစ်ယောက်တည်းပြန်ရင်း စီနီယာအစ်ကိုကြီးတို့အိမ်ဘက်ကိုငေးဖို့လည်း ရိပေါ်မှာပျက်ကွက်ခဲ့တဲ့ရက်ဆိုတာမရှိခဲ့ဘူး။ ကျို့ထိုးမှာစိုးတယ်ဆိုတဲ့စိုးရိမ်စိတ်လေးနဲ့မချင့်မရဲလွမ်းရင်းနဲ့ဘဲ စာအုပ်တွေကြားနစ်မြုပ်ရင်းနဲ့ဘဲ စက္ကန့်လက်တံတွေကိုရေတွက်ကျော်ဖြတ်လာခဲ့တယ်။ စောင့်မျှော်နေပေမယ့်ကျောင်းပိတ်ရက်တွေရောက်လာတိုင်းအရိပ်ပြာကလေးကိုမမြင်ရတဲ့အခါ ကိုယ်ကိုယ်တိုင်မျှော်လင့်မိတဲ့အဲ့ဒီကျောင်းပိတ်ရက်တွေမြန်မြန်ဆန်ဆန်ရောက်မှာကို တစ်ခါတစ်လေတော့လည်းစိုးရွံ့တတ်ပါသေးတယ်။

Came From Deepest Somewhere [Complete]Where stories live. Discover now