Uni
/"ကျန့်ကော"
"အင်း"
ပန်းချီဆွဲနေရာကလှည့်မကြည့်ဘဲကျန့်ကောကထူးတယ်။ နွေကျောင်းပိတ်ရက်ရှည်မို့ဝမ်ရိပေါ်တို့တွေဇာတိမြို့ငယ်လေးဆီရောက်နေကြတယ်။ ကျန့်ကောဆီကအချစ်ကိုရပြီးနောက်ပိုင်း ဝမ်ရိပေါ်ကPizzaဆိုင်မှာအလုပ်လုပ်ရင်းတက္ကသိုလ်ဆက်တက်တယ်။ ကျန့်ကောကလည်းသူ့ပြခန်းနဲ့သူအချိန်ကုန်နေခဲ့ပါတယ်။ အခုကနွေပိတ်ရက်မို့ဝမ်ရိပေါ်တို့မားမားရှိရာမြို့ကလေးဆီအတူပြန်လာခဲ့ကြတာ။ ဘယ်လိုပဲပြောပြောမရတဲ့အဆုံးမှာတော့ ကျန့်ကောကယင်းအာရီမရှိတော့တဲ့အိမ်ကလေးမှာတစ်ယောက်တည်းနေတယ်။ မားမားကအတူလာနေဖို့ပြောပေမယ့်စီနီယာအစ်ကိုကြီးကမလိမ်မိုးမလိမ္မာလေးဖြစ်နေတုန်းပါပဲ။
"မျက်လုံးအာရုံစိုက်ရတာများပြီမလား
ကျွန်တော်တို့စက်ဘီးပတ်စီးကြမလားဗျ"ပန်းချီဆွဲနေတဲ့ပြာလွင်လွင်ကျောပြင်လေးကိုကြည့်ရင်းဝမ်ရိပေါ်ပြောလိုက်တယ်။ ကျန့်ကောကညနေတွေဆိုအိမ်ထဲမှာပဲပန်းချီဆွဲနေတတ်တယ်။ ဝမ်ရိပေါ်ကတော့ထုံးစံအတိုင်းအချစ်ရှိရာလာရတာပဲပေါ့။
"ငါမှစက်ဘီးမစီးတတ်တာ"
ဆေးစပ်ထားတဲ့ပစ္စည်းတွေနဲ့စုတ်တံကိုချပြီးဝမ်ရိပေါ်ဖက်ကိုလှည့်လာရင်း ကျန့်ကောကပြောပါတယ်။ မျက်မှောင်ကလေးကျုံ့ပြီးပြောနေတဲ့ကျန့်ကောက ဟိုးအရင်အချိန်ကရိပေါ်တိတ်တခိုးချစ်ခဲ့ရတဲ့စီနီယာအစ်ကိုကြီးနဲ့ဘာမှကွာခြားမသွားပါဘူး။ အရိပ်တကြည့်ကြည့်မြတ်နိုးဖို့ကောင်းတုန်းပါပဲ။
"ကျွန်တော်ရှိတယ်လေဗျာ
ကျွန်တော်ကျန့်ကောကိုတင်ခေါ်မှာပေါ့"ဝမ်ရိပေါ်ပြောတော့ကျန့်ကောကခေါင်းအသာညိမ့်တယ်။ ပြီးတော့ဘာမှမပြောဘဲပန်းချီဆွဲတဲ့ပစ္စည်းတွေကိုထသိမ်းနေတယ်။ ဒါဟာသူ့စီနီယာအစ်ကိုကြီးကလက်ခံလိုက်ပြီဆိုတဲ့အဓိပ္ပါယ်ပဲ။ မားမားဆုချထားတဲ့ပြိုင်ဘီးလေးကစီးဖို့အဆင်မပြေတော့တာမို့စက်ဘီးတစ်စီးအသစ်ဝယ်ထားတယ်။ ဒါကလည်းမားမားသဘောကျလုပ်ထားတာပါပဲ။ အခုတော့နှစ်ယောက်စီးလို့ရတဲ့စက်ဘီးလတ်လတ်ကလေးကဖြစ်သွားပြီ။ စျေးတော့သိပ်မများပေမယ့်ပေါ့။
YOU ARE READING
Came From Deepest Somewhere [Complete]
Fanfictionရှောင်းကျန့်ကအများပြောသလိုဂြိုဟ်ဆိုးကလေးဆိုရင်တောင် ဝမ်ရိပေါ်ကိုတော့ရှောင်ကွင်းသွားချင်တဲ့ဂြိုဟ်ကလေးဘဲဖြစ်ခဲ့ပါတယ် Started date-17.6.2022(Fri) Completed Date-23.9.2022