Maung~ & His Lavender
(Unicode)
နှစ်တွေကြာမှတွေ့ဆုံခဲ့ရပြီ။ကျနော်အချစ်ရဆုံးလူသားလေး။
မျက်ရည်လေးတွေနဲ့ မျက်ဝန်းအိမ်လေး။ကျနော့်ရဲ့....
" ငယ်..."
Taehyung ကိုထူလိုက်ကာ ပွေ့ဖက်ထားသည်။
ဒီကိုယ်ခန္ဓာပိစိလေးကို ကျနော်အသက်ထက်ကို လွမ်းနေခဲ့တာ။
" ငယ်..."
တင်းကျပ်စွာပွေ့ဖက်ခြင်းခံထားရသည်။ ရင်ထဲ ဗလောင်ဆူလာခဲ့သည်။
" ကို...."
Taehyungအသံလေးပင် မထွက်နိုင်တော့ချေ။
" ငယ်...အို...ကိုကို့ရဲ့ငယ်...နောက်ဆုံးတော့
ပြန်တွေ့ခဲ့ရပြီ..."ကျနော့် မျက်နှာလေးကို အုပ်မိုးကာ ကိုင်ထားသည့် ကိုကို့ရဲ့လက်လေးတစ်စုံ။
" ဒီမျက်နှာလေး...အကြည့်လေးတွေ...ကိုကို ငယ့်ကိုရူးမတတ်တောင်းတနေခဲ့တာ...
ပြန်လာပါစေလို့ကြိမ်ကြိမ်ဆုတောင်းနေခဲ့တာအခုတော့ ကိုကို့ ဆုတောင်းတွေပြည့်ဝသွားခဲ့ပြီ ငယ်..."" ကိုကို..."
ပါးပြင်ပေါ်စီးဆင်းလာသည့် ကိုကို့ရဲ့မျက်ရည်တွေ။
ကျနော့်လက်လေးတွေက အလိုလိုကိုကို့ရဲ့မျက်ရည်လေးတွေကို သုတ်ပေးနေမိသည်။" ကိုကို ငိုနေတယ်..."
ပါးချိုင့်ထင်းထင်းလေးတွေက ပြုံးလိုက်လို့ပေါ်လာခဲ့သည်။
" ငယ့်ကို ဒီဘဝမှာ ပြန်ရှာတွေ့ဖို့ ကိုကိုဆုတောင်းနေတာတင်မဟုတ်ဘူး...လိုက်ပါရှာနေခဲ့တယ်..."
လက်သွယ်သွယ်လေးတွေက ပါးချိုင့်လေးကို ထိကိုင်ကြည့်ကာ ရှိုက်ကြီးတငင်ငိုချတော့လေသည်။
" ကိုကို...တကယ်ပြန်လာခဲ့ပြီပေါ့..."
" ငယ်...ကိုကို့ရဲ့ ငယ်..."
" မရဘူး...ကိုကို ပြန်မလာရဘူး...ငယ့်စီပြန်လာလို့မဖြစ်ဘူး ကိုကို...ထပ်ပြီး နာကျင်ရလိမ့်မယ်..."
Taehyung မျက်ရည်လေးတွေကို ခပ်ဖွဖွလေးသုတ်ပေးလိုက်ကာ...
" ကိုကိုက ငယ်ရဲ့ အတောင်ပံလေးလေ ပြန်လာမှဖြစ်မှာပေါ့...မဟုတ်ရင် ငယ်ဘယ်လိုပျံသန်းနိုင်မှာလဲ..."
![](https://img.wattpad.com/cover/313594367-288-k659797.jpg)
YOU ARE READING
Maung~ & His Lavendar (Completed)