Maung~ & His Lavender
(Unicode)
သူတပါးရဲ့ အိမ်ထောင်ရေးကိုဖြိုခွင်းသူသည်ငရဲတွင်းကနေလုံးဝရုန်းထွက်နိုင်ခြင်းမရှိခဲ့။
ဘဝဆက်တိုင်းအပြစ်တွေကိုအစား ပေးဆပ်နေရစမြဲပင်။Jungkookကားသော့လေးကို စားပွဲခုံပေါ်ပစ်တင်လိုက်ရင်းဆိုဖာပေါ်စိတ်ပျက်စွာပင် ထိုင်ချလိုက်သည်။
ထယ့်ကိုလိုက်ရှာနေခဲ့သည်က တစ်ပတ်ရှိနေခဲ့ပြီ။ဘယ်နေရာမှ ရှာမရခဲ့။
မောင်ကိုထားမသွားပါနဲ့ထယ်။ထယ်က မောင့်အသက်ကလေးမို့လို့ ထယ်မရှိဘဲ မောင်ရှင်သန်နိုင်မှာမဟုတ်ဘူး။
အဖွား Rosie ဧည့်ခန်းမှ Jungkook ကိုကြည့်ကာစိတ်မကောင်းဖြစ်မိသည်။
" မြေးလေး..."
" ဖွားဖွား..."
" ရှာမတွေ့ခဲ့ပြန်ဘူးလား..."
အားလျော့သွားကာ...
" မတွေ့ခဲ့ဘူး...ကျနော်ဘယ်လိုလုပ်ရမလဲ ဖွားဖွား...တစ်ခုခုတော့ ကူညီပါ..."
ဆိုဖာတွင်ဖွားဖွားက ဝင်ထိုင်လိုက်သည်။
" နှလုံးသားရဲ့ စေညွှန်ရာကိုလိုက်လံပါ မြေးလေး...လေပြင်းတွေက လာဗင်ဒါငယ်လေးရှိရာကို တိုက်ခတ်ရင်...ဥယျာဥ်မှူးတစ်ယောက်ကလည်း သူ့ရဲ့ လာဗင်ဒါငယ်ကို သတိထားမိမယ်မဟုတ်လား..."
Jungkook ဘယ်ဘက်ရင်ဘတ်လေးပေါ် လက်လေးတင်လိုက်သည်။
ဒီနှလုံးသားလေးက ထယ့်အတွက်ခုန်မြည်နေတာမို့လို့ သေချာပေါက်လမ်းပြပေးပါ။
" ဖွားဖွား..."
" အင်း... "
"ထယ့်ရဲ့ ကျိန်စာကို ကျနော်အစားလွှဲပြောင်းယူလို့ရမလား..."
" မြေးလေး...မဟုတ်တဲ့အတွေးတွေမတွေးနဲ့...ထင်သလောက်မလွယ်ကူဘူး...အသက်ပေးရမဲ့ကိစ္စကို ဖွားဖွားမလုပ်ပေးနိုင်ဘူး..."
Jungkook စကားကြောင့် အဖွား Rosie ဘဝင်မကျချေ။
" မဟုတ်တာတွေမလုပ်မိစေနဲ့...လာဗင်ဒါချစ်ခြင်းကို ယုံကြည်ရင်ပေါ့..."
" ယုံကြည်ပြီးသားပါ ဖွားဖွား...ဒါကြောင့်မို့လို့ ထယ့်နာကျင်နေတာတွေကို သက်သာစေချင်တယ်..."
YOU ARE READING
Maung~ & His Lavendar (Completed)