Maung~ & His Lavender
(Unicode)
ကြီးမားပြီး ခန့်ထည်လှသည့်အိမ်ကြီး။
မီးတွေထိန်ထိန်လင်းလို့နေသည်။
ခြံအတွင်းထဲတွင်လည်း မီးရောင်စုံတွေဖြင့်လူစုလူဝေးတို့က ရှိလို့နေသည်။ပါတီပွဲတစ်ခုကို ကျင်းပနေတာပင်။" ကိုကို..."
" ပြန်လိုက်ပါ ခင်ဗျာ့..."
" ငါ့ကိုမထိနဲ့...ငါကိုကို့ကို တွေ့ဖို့လာတာ..."
Taehyung ကိုအစောင့်တွေက အတင်းပြန်လွှတ်နေခဲ့သည်။ဒါကို လုံးဝမပြန်ဘဲခြံအရှေ့တွင်ရပ်ကာ ကိုကိုလို့ဆက်ခေါ်နေခဲ့သည်။
" ပါတီပွဲကဖိတ်ထားတာမရှိဘဲ ဝင်လို့မရဘူး...
ပြန်လိုက်ပါ ခင်ဗျာ့..."" မပြန်ဘူး...ငါဘာပါတီပွဲမှ တက်ဖို့လာတာမဟုတ်ဘူး...Kim Namjoon ဆိုတဲ့ငါ့ကိုကို ကိုတွေ့ဖို့လာတာ..."
ခြံတံခါးကို အတင်းတွန်းကာဖွင့်ဖို့လုပ်နေလေသည်။
ရုတ်ရုတ်သဲသဲအခြေအနေတစ်ခုကြောင့်ဒေါက်ဖိနပ်သံလေးနဲ့အတူ အမျိုးသမီးငယ်တစ်ဦးကရောက်လို့လာခဲ့တော့သည်။" ဖွင့်ပေး...ကိုကိုနဲ့ တွေ့ချင်တယ်..."
Taehyung ရဲ့အသံကိုကြားတော့ ခြံအပြင်ကို လှမ်းကြည့်မိသည်။
ဝတ်စားထားတာလေးက ညအိပ်ဝတ်စုံလေးနဲ့ပင်။ပါတီကို လာတာတော့မဖြစ်နိုင်။
" ကိုကို...ကိုကို...ငယ်ရောက်လာပြီလေ...ကိုကို..."
သူမက အစောင့်တွေကို တံခါးဖွင့်ပေးဖို့အတွက် အချက်ပြလိုက်လေသည်။
Taehyung ခြံတံခါးဖွင့်တာနဲ့ ပြေးကာဝင်တော့သည်။
သို့သော်ခြေလှမ်းတွေက ရပ်တန့်သွားခဲ့သည်။" ဘယ်သူနဲ့များတွေ့ချင်လို့လဲ..."
လုံခြုံစွာဝတ်ဆင်ထားသည့် သူမ။
အသံတွေက အစတူနေခဲ့သည်။
သူမရဲ့မျက်နှာကို မုန်းသည်။အသံတွေကိုလည်း မုန်းသည်။
နှလုံးသားအစုံက နာကျင်လာခဲ့ရသည်။ ကျနော် မုန်းလှချည်ရဲ့။" Jung...Jung Yuri..."
တုန်ယင်နေသည့်အသံလေးက သူမနာမည်ကို ခေါ်လိုက်မိသည်။
နောက်တော့ ခွေခနဲ လဲကျသွားခဲ့သည်။
YOU ARE READING
Maung~ & His Lavendar (Completed)