Part-1

3.9K 333 45
                                    


Maung~ & His Lavendar

(Unicode)

တတီတီမြည်နေသည့် နှိုးစက်အသံ။
စောင်ပုံကြားထဲမှလက်သွယ်သွယ်လေးတို့က
ထို နှိုးစက်လေးပေါ်သို့ကျရောက်သွားခဲ့သည်။
မနက်လေးနာရီပင် ရှိနေသေးသည်။

ချက်ချင်းအိပ်ယာမှထထိုင်ကာ အိပ်ချင်မူးတူးလေးဖြစ်နေသည်။ဆံနွယ်လေး​တွေကလည်း ရှုပ်ပွနေသည်ပင်။

" မနက်တောင် ရောက်လာပြီပဲ..."

ကြမ်းပြင်ပေါ် မွေ့ယာအပါးလေးသာခင်းအိပ်ရသည်။လေတိုးနေသည့် တံခါးပေါက်လေး။
ဘယ်လိုပဲပိတ်ထားပါစေအေးနေသေးတာပင်။

လက်လေးနှစ်ဖက်ဆန့်တန်းကာ အကြောလေး ဆန့်လိုက်ရင်း ရေချိုးခန်းထဲဝင်သွားခဲ့သည်။

တစ်ယောက်တည်းဖြတ်သန်းနေရသည်မှာ 2 နှစ်ပင်ရှိနေပြီ။
အမေဖြစ်သူနာမကျန်းဖြစ်ပြီး ဆုံးပါးသွားကတည်းကပင်။

" အားတင်းထား...Kim Taehyung..."

ကိုယ့်ကိုယ်ကိုယ်သာ အမြဲအားပေးစကားပြောလေ့ရှိသည့် Taehyung...
ခနအကြာအဝတ်အစားလဲကာ ပြင်ဆင်နေသည်။ဒီနေ့က ကျောင်းတက်ရမဲ့ ပထမဆုံးရက်လေးဖြစ်တာကြောင့် ကျောင်းဝတ်စုံလေးကို ဝတ်လိုက်ရင်း အပေါ်မှ ဂျာကင်လေးထပ်ဝတ်လိုက်သည်။
နောက်တော့ ကျောပိုးအိတ်လေးကို လွယ်လိုက်ရင်း...

" ဒီနေ့တစ်ရက်အတွက် အသက်ရှင်ဖို့ ရုန်းကန်ရအုံးမယ်..."

မနက်အစောကြီးထရသည့်အကြောင်းအရင်းက
သတင်းစာပို့ဖို့အတွက်ပင်။
အေးချမ်းလွန်းတဲ့မနက်စောကြီး ရေအေးဖြင့်ရေချိုးကာ အလုပ်လုပ်ဖို့နှင့် ကျောင်းသွားဖို့ပြင်ဆင်နေရသည်မှာ မလွယ်ကူပင်။

အသက် ဆယ့်ကိုးနှစ်ကောင်လေးအတွက်တစ်ယောက်တည်း ရပ်တည်နေရတာ ခက်ခဲလွန်းသည်။

အိမ်လေးမှာလည်း အိပ်ဖို့အတွက် ကျောခင်းစရာ အခန်းကျဥ်းလေး။
မြေအောက်ခန်းလေးဖြစ်တာကြောင့် နေရတာ အခက်အခဲတော့ရှိသည်။

Taehyung အိမ်လေးမှ ထွက်လာကာ ဟောင်းနွမ်းနေသည့်စက်ဘီးလေးကိုထုတ်လိုက်ရင်း လမ်းလေးသာလျှောက်နေသည်။

Maung~ & His Lavendar (Completed) Tahanan ng mga kuwento. Tumuklas ngayon