Part-14

1.7K 187 55
                                    

Maung~ & His Lavender

(Unicode)

သွေးချင်းချင်းရဲနေသည့် ကိုယ်ခန္ဓာလေး။
သွေးအိုင်ငယ်လေးကြား မျက်ဝန်းပြာလေးတွေလည်း မှိတ်ကာသွားခဲ့သည်။

" မောင်ငယ်!..."

ထို သွေးအိုင်ကြား Taehyung ပြေးဝင်ကာ JK ခန္ဓာကိုယ်လေးကို ထွေးပွေ့ထားသည်။

" ကလေးငယ်...ဘာလို့လဲ...ဘာလို့လုပ်ရတာလဲ..."

ရှိုက်ကြီးတငင်အော်ငိုကာ အရူးမီးဝိုင်းဖြစ်နေရသည်။

" မောင်ငယ်...မသေရဘူးလေ...ဒီလိုမျိုးကြီး ငါ့စီက ထွက်သွားခွင့်မပြုနိုင်ဘူး... ကလေးငယ်လေး..."

Jungkook လည်း ထိုနေရာတွင် ကြောင်တောင်တောင်ဖြစ်သွားခဲ့ရသည်။
အမြွှာတွေက ခံစားရတာချင်းတူသလို တစ်ယောက်မရှိတော့ရင် တစ်ယောက်က နေရခက်သည်ပင်။
မျက်ရည်တွေကျနေပေမဲ့ ငိုနေတာလားလို့တောင် သူ့ကိုယ်သူမသိခဲ့။
ဘာစကားမှလည်း မပြောတော့ချေ။

" မျက်ဝန်းပြာလေး...ပြန်လာပြီထင်ခဲ့တာလေ...အခုလို ရုတ်ချည်ဆန်ချည်ဘာလို့ထွက်သွားရတာလဲ...ငါ့အချစ်ကို မရရင်တောင် မောင်ငယ်
ငါမင်းကို ဖြူစင်စွာချစ်ခဲ့တာပါ...ငါ့ရဲ့ ကလေးငယ်..."

အခန်းငယ်လေးထဲ အသက်မဲ့သွားသည့် ကိုယ်ခန္ဓာလေးအား ပွေ့ဖက်ရင်း Taehyung ငိုနေခဲ့သည်။
Jungkook ကတော့ သတိလွတ်နေခဲ့သည်ပင်။

" ကျိန်စာတွေရဲ့အကျိုးဆက်ကို မောင်ငယ်မခံစားရပါစေနဲ့...ငါ့စီမှာပဲ တည်ရှိနေတာမို့ ငါ့ရဲ့ကလေးငယ်က ကောင်းစွာအနားလိုက်ပါတော့...ကြယ်ပွင့်လေးအဖြစ် ကောင်းကင်ယံမှာ တည်ရှိနေပေးပါ..."

မျက်စိတမှိတ်အတွင်းမှာ လူလောကထဲကို ရောက်လာကြသည်။ဒါပေမဲ့ ထိုမျက်စိတမှိတ်အတွင်းမှာပဲ ရုတ်တရက်ထွက်ခွာသွားခဲ့သည်။

လူသားတွေအကုန်လုံးက ကန္တာရခရီးသည်တွေပင်။အချိန်တန်ရင် ကြွေလွှင့်ကာ ပြန်သွားကြရသည်။

ထိုသံသရာစက်ဝန်းထဲတွင်တော့ Jonathan Kim
လေးကတော့ အပြစ်တွေကိုနောင်ဘဝဆက်တိုင်းထိ သယ်ယူသွားအုံးမည်။

ကျိန်စာဆိုသည်က ပူလောင်စေသည်။ တိုက်ခဲ့တဲ့သူကိုယ်တိုင်ကိုက ရုန်းထွက်ဖို့ခက်ခဲလေသည်။

Maung~ & His Lavendar (Completed) Where stories live. Discover now