Part-7

2.1K 237 95
                                    

Maung~ & His Lavender

(Unicode)

"ချစ်ခြင်းရဲ့ လာဗင်ဒါ..."

" ကျနော်မျိုး Kim Taehyung သည်ယခုအချိန်မှ စပြီးနောင်ဘဝဆက်တိုင်း Jeon Taehyung အဖြစ်အသက်ဆက်ရပါလို၏...မောင်ချစ်တဲ့ လာဗင်ဒါလေးအဖြစ် အမြဲရှင်သန်ခွင့်ရ ရပါလို၏..."

" မောင့်ရဲ့ ခုန်မြည်နေသည့် နှလုံးသားလေးကထာဝရ Jeon Taehyung အတွက်ပါပဲ..."

" ယနေ့မှ စနှစ်ပေါင်းများစွာတိုင်...ဘဝပေါင်းများစွာတိုင် ပေါင်းဖက်ရပါလို၏...ဒီကတိသစ္စာတွေက ထာဝရတည်မြဲစေသား..."

" မောင့်ရဲ့ချစ်ခြင်း..."

" လာဗင်ဒါ..."

Jungkook နှင့် Taehyungအပြန်အလှန် ကတိကဝတ်တွေပြုနေကြသည်။
ချက်စ်ကျောင်းလေးအတွင်းပင်။နှစ်ယောက်တည်းသာ။
ကျောင်းသားဝတ်စုံလေးတွေလည်း ဝတ်ထားကြသည်။ လက်ထဲတွင်လာဗင်ဒါပန်းစည်းလေးကိုင်ထားသည့် Taehyung ကပြုံးရွှင်နေသည်ပင်။

" မောင်!..."

အိပ်ယာမှ လန့်ကာနိုးလာသည်။
ကျနော့်ရဲ့မောင်။အကုန်မှတ်မိနေခဲ့ပြီ။
မောင်။ထယ့်ရဲ့အသက်ကလေးရယ်။ဘာလို့လဲ။
ဘာလို့ အခုမှမှတ်မိသွားရတာလဲ။
ဝိုးတဝါးအိမ်မက်အပိုင်းအစတွေမဟုတ်ခဲ့ဘူး။
ဒါက ကျနော့်ဘဝရဲ့အပိုင်းအစတွေပင်။

" ချစ်ခြင်းတွေ မြဲတည်ရာက..."

ခုန်မြည်နေသည့် နှလုံးသားလေးတည်ရှိရာဘယ်ဘက်ရင်ဘတ်ပေါ် လက်သွယ်သွယ်လေးက ရောက်သွားခဲ့သည်။

" Dear...Maung~..."

မျက်ရည်တွေက တာကျိုးခဲ့ချေပြီ။
နှလုံးသားလေးလည်း နာကျင်ခဲ့ရပြီ။

" ကမ္ဘာတည်သရွေ့ အဆုံးမရှိချစ်ခြင်းတွေ အမြစ်တွယ်ရာ...မောင်... ထယ့်ရဲ့ မြတ်နိုးရပါသောမောင်..."

ရှိုက်ကြီးတငင်ငိုကြွေးနေသည့် Taehyung...
အရင်ဘဝမှ အကြောင်းအရာတွေကို အကုန်ပြန်မှတ်မိသွားခဲ့ပြီ။

တဒုတ်ဒုတ်ဖြင့်ခုန်မြည်နေသည့်
ဒီနှလုံးသားတစ်ချက်ချင်းစီက မောင်။
အသက်ရှူလိုက်တဲ့တိုင်း ဖြစ်နေတည်နေမှုက မောင်။
ကျနော့်ရဲ့မောင်။
အသက်ကိုပင် စွန့်ခဲ့တဲ့ မောင်။
ချစ်မြတ်နိုးတာထက်ကို ပိုမိပါ၏

Maung~ & His Lavendar (Completed) Waar verhalen tot leven komen. Ontdek het nu