Part-5

2.5K 264 73
                                    


Maung~ & His Lavendar

(Unicode)

လှပပြီး အေးချမ်းသာယာလွန်းသည့် ခရမ်းရောင်လာဗင်ဒါခင်းကြီးအလယ် Jungkook Taehyung ပေါင်ပေါ်လှဲအိပ်နေသည်။

လေပြေတွေတိုက်ခတ်သွားတိုင်း စတော်ဘယ်ရီရနံ့လေးကလည်း ထိုလာဗင်ဒါတွေကြား လွှင့်ပျံ့နေလေသည်။

" ထယ်..."

ခေါ်လိုက်တော့ခေါင်းလေးက ငုံ့ကြည့်လာသည်။

" Jeon Taehyung အဖြစ်အမြဲနေချင်လား..."

" Kim ဆိုတာကို မောင့်အတွက်အမြဲစွန့်လွှတ်ပြီး Jeon အဖြစ် သက်ရှင်နေပေးမှာပါ..."

" ကျောင်းပြီးသွားရင် လက်ထပ်မယ်မဟုတ်လား..."

" သေချာပေါက်ပေါ့ မောင်..."

အချစ်မျက်ဝန်းလေးတွေကလည်းတစ်ဦးနှင့်တစ်ဦးအကြည့်ချင်း ဆုံနေသည်ပင်။

နှာတံထိပ်လေးက မဲ့နက်လေးကိုထိကိုင်လိုက်ရင်း...

" လာဗင်ဒါတွေနဲ့မောင့်အသက်ကလေးက အရမ်းကိုလှလွန်းတယ်..."

" လှမှာပေါ့...မောင့်ရဲ့ချစ်ခြင်းတွေနဲ့အလှဆင်ထားတာလေ..."

" ချစ်တယ်ထယ်... အမြဲထာဝရအတွက်ပါ..."

" ထယ့်ရဲ့အသက်လေးရယ်...ပိုမြတ်နိုးရတာမို့
ထယ့်ရဲ့ချစ်ခြင်းတွေက မောင်တစ်ယောက်တည်းအတွက်ပါ..."

" ကမ္ဘာတည်သရွေ့လား မောင့်အသက်ကလေး..."

" ကမ္ဘာတည်သရွေ့ ဘဝဆက်တိုင်း ထယ်က မောင့်အပိုင်ဖြစ်နေမှာပါ..."

လက်သွယ်သွယ်လေးက
Jungkook ရဲ့မျက်နှာလေးကိုအုပ်မိုးကိုင်လိုက်ရင်းနှုတ်ခမ်းလေးကို ထိကပ်ကာနမ်းလိုက်သည်။ဒါတွေက ချစ်ခြင်းအစတွေပင်။

အိပ်ယာထက်အိမ်မက်ထဲကအကြောင်းအရာတွေကြောင့် မျက်ရည်တွေကျနေခဲ့ရသည်။

" ထယ်!..."

ထကာထိုင်လိုက်မိသည်။ချွေးတွေလည်းထွက်နေခဲ့သည်ပင်။

ပါးပြင်ကမျက်ရည်စက်တွေကို ထိကိုင်ကာ...

" ငိုနေပြန်ပြီလား..."

ကိုယ့်ကိုယ်ကိုယ်သာ ပြောနေမိသည်။

အိမ်မက်က ထယ်က အပြင်က Kim Taehyung နှင့်အတူတူပင်။ကျနော့် အိမ်မက်တွေကအပြင်လက်တွေ့မှာဖြစ်ပျက်နေတာနှင့်ဆင်တူနေသည်။
အရင်ဘဝက ပုံစံမျိုး။

Maung~ & His Lavendar (Completed) Opowieści tętniące życiem. Odkryj je teraz